DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့်  ရွာသား ၁၀၀၀ ကျော် တိမ်းရှောင်
DVB
·
August 10, 2023
ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့်  ရွာသား ၁၀၀၀ ကျော် တိမ်းရှောင်
1 / 3
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ  ကျေးရွာတွေကို စစ်ကောင်စီတပ်က  စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်  ရွာသား ၁၀၀၀ ကျော် ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို သြဂုတ် ၉ ရက်က စတင်ပြီး စစ်ကောင်စီတပ်က ကုန်းကြောင်း ရေကြောင်း နှစ်မျိုးနဲ့  စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ကျေးရွာပေါင်း ၈ ရွာက ဒေသခံပြည်သူတွေဟာ ရွှေကူမြို့ပေါ်နဲ့ ဘေးလွတ်ရာ တခြား ကျေးရွာတွေဘက် တိမ်းရှောင် နေရတာပါ။

ရေလှဲ ကျေးရွာ ဒေသခံတစ်ဦးက "စစ်တပ်က အင်အား ၂၀၀ နီးပါးလောက်ရှိတယ်။ ရေကြောင်းက ဝင်လာတဲ့ အင်အား ၁၀၀ လောက်နဲ့ ကုန်းကြောင်းက ဝင်လာတဲ့ အင်အား ၁၀၀ လောက် မြစ်ကမ်းဘေးက ရွာတွေကို  စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းထိုးလာတော့ ရွာကသူတွေလည်း အဖမ်းခံရမှာစိုးလို့  ဘေးလွတ်ရာ ရှောင်နေကြရတယ် "လို့ ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ သြဂုတ် ၈ ရက်မှာ နောင်မိုးကျေးရွာကို စစ်အင်အား ၁၀၀ လောက်နဲ့ ရေကြောင်းကနေ ဝင်လာပြီး သြဂုတ် ၉ ရက်မှာတော့  ဇင်းဘုံကျေးရွာ၊ ဆင်တပ်ကျေးရွာ၊ နောင်မိုးကျေးရွာ၊ သင်္ဘောအင်းကျေးရွာ၊ ရေလဲကျေးရွာ၊ ဝင်းမကျေးရွာနဲ့ ဘူးတောင်ကျေးရွာကို ကုန်းကြောင်းနဲ့ စစ်အင်အား ၁၀၀ လောက်နဲ့ ဝင်တာတာဖြစ်ပါတယ်။ 

ရေလှဲကျေးရွာသား အမျိုးသားတစ်ဦးက "စစ်တပ်သင်္ဘောတွေက ရွှေကူဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်။ အဲ့ဒီ စစ်သင်္ဘော ကပ်ပြီးနောက် စစ်သားတွေက ကျေးရွာတွေထဲ စစ်ကြောင်းထိုး လာတယ်။  ရွာကသူတွေလည်း ပေါ်တာ ဆွဲခံရမှာ ကြောက်လို့ ထွက်ပြေး နေကြရတယ်"လို့  ပြောပါတယ်။

ရွှေကူမြို့ သင်္ဘာဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောတွေက စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်ဟာ  သြဂုတ် ၈ ရက်နေ့မှာ ရွှေကူလေးကျေးရွာ၊ ငပေါက်ဝကျေးရွာနဲ့ ရွှေဘုံသာကျေးရွာက ဒေသခံပြည်သူ အမျိုးသား အမျိုးသမီး ၃၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ သြဂုတ်  ၇ ရက်မနက်ကလည်း ဧရာဝတီမြစ်ကို ဆန်တက်လာတဲ့  စစ်ကောင်စီတပ် သင်္ဘော ၉ စီးဟာ ရွှေကူမြို့ဆိပ်ကမ်းကို မဆိုက်ကပ်ခင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့  ရေလှဲကျေးရွာက ဒေသခံ အမျိုးသမီးတယောက် ထိခိုက် ဒဏ်ရာ ရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013