DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းတွင် လေဆင်နှာမောင်း တိုက်ခတ်ပြီး နေအိမ် ၁၀၀ ကျော် ပျက်စီး
DVB
·
August 10, 2023
လက်ပံတန်းတွင် လေဆင်နှာမောင်း တိုက်ခတ်ပြီး နေအိမ် ၁၀၀ ကျော် ပျက်စီး
1 / 5
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ သြဂုတ် ၇ ရက် ညက လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လေပြင်းတိုက်ခတ်တဲ့အတွက် နဘဲကွင်းကျေးရွာက နေအိမ် ၄၅ လုံး၊ ကိုင်းတောစုကျေးရွာက နေအိမ် ၉ လုံး၊ အလယ်စုကျေးရွာက နေအိမ် ၆ လုံး၊ ရင်းတိုက်ကွင်းရွာက နေအိမ် ၃၈ လုံး ပြိုကျပျက်စီးပြီး ဘုန်းကြီးကျောင်း အဆောက်အဦ ၄ လုံးနဲ့ နေအိမ် ၇ လုံး အမိုးလန်သွားခဲ့တာပါ။

လေဘေးသင့် ဒေသခံတဦးက “ရွာလုံးကျွတ်နီးပါးကို အိမ်တွေ ပျက်စီးကုန်တာ။ အခုလည်း မိုးက ဆက်ရွာနေတယ်၊ အိမ်က မရှိတော့ဘူး။ ဆွေမျိုးနီးစပ်တဲ့ နေအိမ်တွေမှာ လိုက်နေရတယ်။ အကူအညီတွေလည်း လိုအပ်နေတယ်” လို့ ပြောပါတယ်။

ဩဂုတ် ၈ ရက် ညကလည်း မိုးသည်းထန်ပြီး လေပြင်းတိုက်လို့ လက်ပံတန်းမြို့နယ် ဂွေးတောက်ကွင်းကျေးရွာအုပ်စုမှ ၂၃၀ ကေဗီ ပင်မဓာတ်အားတိုင် ပြိုလဲကျခဲ့သလို  နေအိမ် ၁၅ လုံး အမိုးလန်ပျက်စီးသွားပါတယ်။

မင်းလှမြို့နယ်မှာလည်း သြဂုတ် ၉ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းလို့ စစ်ကွင်းမြို့ အနောက်တာဆုံရွာနဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနစ်မြုပ်တာပါ ထပ်မံကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013