DVB Logo
Home
မြန်မာသတင်း
ဘားအံ ရေဘေးသင့်ပြည်သူ ၁ သောင်းကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရ
DVB
·
August 9, 2023
ဘားအံ ရေဘေးသင့်ပြည်သူ ၁ သောင်းကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရ
1 / 9
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့မှာ မိုးအဆက်မပြတ်ရွာပြီး သံလွင်မြစ်ရေတိုးနေတဲ့အတွက် ရေဘေးသင့်ပြည်သူ ၁ သောင်းကျော် ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းတာ၊ တောင်ကျချောင်းရေတွေနဲ့ သံလွင်မြစ်ရေဟာ စိုးရိမ်အမှတ်အထက် ကျော်လွန်ရောက်ရှိနေတဲ့အပြင် သံလွင်မြစ်ရေ တိုးလာတဲ့အတွက် မြေနိမ့်ပိုင်းရပ် ကွက်တွေမှာ ရေဝင်ရောက်ပြီး လူနေအိမ်တချို့ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဩဂုတ် ၉ ရက်နေ့ မနက် ၆ နာရီခွဲအချိန် အတိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၈၉၂ စင်တီမီ တာကို ရောက်ရှိနေပြီး မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် သံလွင်မြစ်ရေဟာ ထပ်မံတိုးနေပါတယ်။

ရေနစ်မြုပ်မှုကြောင့် ဘားအံမြို့ ရေပေါ်ဈေးကြီးအပါအဝင်၊ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၅၊ အမှတ် ၉ ရပ်ကွက်က လူနေအိမ်တွေ ရေနစ်မြုပ်ခဲ့ရာ နေအိမ်ရှိ ပစ္စည်းတချို့ ရေနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့ရသလို ပြည်သူ ၁၀၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

ရေဘေးသင့်ပြည်သူတဦးက" ဒီနှစ်ရေကြီးမှုက ဩဂုတ်လမှာ ပိုပြီးပြင်းထန်လာတယ်။ ဒီနှစ် ပိုဆိုးတယ်။ ကယ်ဆယ်ရေးက အချိန်မီရောက်မလာဘူး။ ကျနော်တို့ အိမ်တွေမှာ ရေနစ်မြုပ်လို့ ဆုံးရှုံးသွားရတာတွေရှိတယ်။ ကယ်ဆယ်ရေစခန်းတွေမှာလည်း မလောက်မငနဲ့ စားဝတ်နေရေး ဒုက္ခတွေရောက်နေရတယ်" လို့ ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ ဘားအံမြို့ ရွှေယဉ်မျှော်ဘုရား၊ မိုးလုံလေလုံအားကစားရုံ၊ အထက ၃ ကျောင်း အားကစားရုံ၊ အမက ၉ (မူလွန်)ကျောင်းနဲ့ မြို့ပေါ် ဘုန်းကြီးကျောင်းတွေစတဲ့ ယာယီကယ်ဆယ်ရေးစခန်း ၇ ခုလောက်မှာ ခိုလှုံနေရပါတယ်။

သံလွင်မြစ်ရေ ရေဝင်ရောက်မှုမြန်ဆန်နေတဲ့အတွက် ဘားအံမြို့အခြေစိုက် လူမှု ကူညီရေးအသင်းတွေက ရေဘေးသင့်ပြည်သူတွေကို နေအိမ်တွေကနေ ရေဘေးလွတ်ရာကို အဖွဲ့ခွဲပြီး အရေးပေါ် ကယ်ဆယ်နေရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ စက်တပ်လှေတွေ လုံလောက်မှုမရှိတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါအပြင် ဘားအံမြို့နယ်အတွင်း သံလွင်မြစ်ကမ်းနံဘေးနဲ့ ချောင်းအနီးနေထိုင်တဲ့ ကျေးရွာတွေမှာလည်း ရေနစ်မြုပ်မှုတွေကြောင့် ရေဘေးသင့်ပြည်သူတွေဟာ ကျေးရွာဘုန်းကြီးကျောင်းတွေမှာနေထိုင်နေရပါတယ်။ ရေကြီးမှု ရက်ကြာရှည်ပြီး ကူညီထောက်ပံ့မှုတွေမရှိရင် စားသောက်ရေးမှာ အခက်အခဲတွေနဲ့ရင်ဆိုင်ရဖို့ရှိတယ်လို့ ကျေးလက်ရေဘေးသင့်ပြည်သူတစ်ဦးက ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့ တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး နေအိမ်တွေရေနစ်မြုပ်မှုတွေကြောင့် ရေဘေးကယ်ဆယ်ရေးတွေ အရေး ပေါ်လုပ် ဆောင်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဒါအပြင် ဩဂတ် ၉ ရက်နေ့ မနက် ၇ နာရီ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်အတွင်း နေရာအနှံအပြားမိုးထစ်ချုန်းရွာပြီး နေကွက်ပြီးမိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013