DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်စျေးကွက်တွင် အေဂျင်စီများကိုယ်တိုင် အလိမ်ခံရသည့် ဖြစ်ရပ်များရှိ
DVB
·
August 9, 2023
ပြည်ပအလုပ်အကိုင်စျေးကွက်တွင် အေဂျင်စီများကိုယ်တိုင် အလိမ်ခံရသည့် ဖြစ်ရပ်များရှိ
Donate to DVB

ပြည်ပအလုပ်အကိုင်စျေးကွက် အလုပ်ခေါ်စာအတုတွေကြောင့် အေဂျင်စီတွေကိုယ်တိုင် လိမ်လည်ခံရတဲ့ ဖြစ်ရပ်တွေ ရှိလာနေတယ်လို့ အဲဒီလောကအသိုက်အဝန်းက သိရပါတယ်။

ပြည်ပကို အလုပ်သမားစေလွှတ်ဖို့အတွက် အလုပ်ခေါ်စာလိုနေတဲ့ အေဂျင်စီတွေဟာ ပွဲစားတွေဆီက တဆင့်ခံ ပြန်ဝယ်နေရတာရှိပြီး ခေါ်စာအတုတွေပါလို့ ငွေဆုံးရှုံးတာ၊ အလုပ်သမားနဲ့ ပြဿနာဖြစ်ရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ အေဂျင်စီလုပ်ငန်းရှင်တဦးက “တဖက်နိုင်ငံက အလုပ်ခေါ်စာကို တံဆိပ်တုံးအတုတွေနဲ့ကို လိမ်တာ။ အလုပ်သမားပို့ချင်လို့ ဝယ်လိုက်တဲ့ အေးဂျင့် ခံရတာပေါ့။ ပွဲစားတွေက အလုပ်သမားတောင် မဟုတ်တော့ဘူး၊ အေးဂျင့်တွေကိုပါ ပစ်မှတ်ထားလာတာ” လို့ ပြောပါတယ်။

ဒါ့အပြင် တဖက်နိုင်ငံရှိ အေဂျင်စီနဲ့ ပွဲစားက အမှန်တကယ် လိုအပ်တဲ့ အရေအတွက်ထက် ပိုပြီး ခေါ်စာပို့လိုက်လို့ မြန်မာနိုင်ငံဘက်ရှိ အေဂျင်စီက ခေါ်စာပါအရေအတွက်အတိုင်း အလုပ်သမား ပို့ပြီးကာမှ အလုပ်မရတဲ့ အလုပ်သမားတွေကြောင့် ပြဿနာတက်ရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတယ်လို့ ပြည်ပအလုပ်အကိုင်လောကနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင် ကိုယ်စားလှယ်တဦးက “ထိုင်းကိုပို့တဲ့ အေဂျင်စီတွေဆို အဲဒီပြဿနာ တော်တော်ကြုံရတယ်။ အလုပ်သမားလည်း လွှတ်ပြီးပြီ၊ တဖက်ကိုလည်း ကျသင့်တဲ့ ဝန်ဆောင်ခ ခွဲလွှဲထားပြီးပြီ။ စက်ရုံက တကယ်ခေါ်တဲ့ အလုပ်သမား အရေအတွက်ထက် ပိုလွှတ်လိုက်မိတော့ အေဂျင်စီက တဖက်နိုင်ငံပို့ပြီး ဟိုကြတော့ အလုပ်မရဘူးဆိုတဲ့ ပြဿနာတွေတက်တာ။ တကယ်က ဟိုဘက်က အလုပ်ခေါ်တဲ့ အေဂျင်စီနဲ့ ပွဲစားတွေက လုပ်လိုက်တဲ့ကိစ္စ” လို့ ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်အားခနည်းတဲ့အတွက် ပြည်ပသွားရောက် လုပ်ကိုင်လိုတဲ့ အလုပ်သမား များပြားနေပြီး အလုပ်သမားစေလွှတ်မှုမှာပါ ရှုပ်ထွေးတာတွေ ဖြစ်လာတာလို့ သူတို့က ဆိုပါတယ်။

အခုလို ပြည်ပသွားရောက်လိုသူ များလာတာနဲ့အမျှ ပြည်ပအလုပ်အကိုင်အေဂျင်စီ ဖွင့်လှစ်လုပ်ကိုင်တဲ့ အရေအတွက်ဟာလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၅၀ နီးပါးရှိပြီး အာဏာမသိမ်းခင်ကာလကထက် အေဂျင်စီအသစ် ၁၅၀ ကျော် တိုးလာတယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013