DVB Logo
Home
Lead Story
အလှအပလုပ်ငန်းမှာ AI က ဘာတွေလုပ်ပေးနိုင်သလဲ
DVB
·
August 9, 2023
အလှအပလုပ်ငန်းမှာ AI က ဘာတွေလုပ်ပေးနိုင်သလဲ
Donate to DVB

အလှကုန်နဲ့ အလှကုန်ဆိုင်ရာ ဉာဏ်ရည်တု (AI) က ကမ္ဘာ့စျေးကွက်မှာ ဒေါ်လာဘီလီယံပေါင်း များစွာတန်တဲ့ လုပ်ငန်းတခု ဖြစ်လာနေပြီး လာမယ့် ၅ နှစ်အတွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်မှုနှုန်း ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ စက်မှုသုတေသီတွေက ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ ကုမ္ပဏီတွေက မျက်တောင်‌မွှေးအလှလုပ်တာနဲ့ လက်သည်း ခြေသည်းဆိုးတာတွေလိုမျိုး ဝန်ဆောင်မှုတွေ ပေးဖို့အတွက် AI စက်ရုပ်တွေကို မိတ်ဆက်လိုက်တာကြောင့် အလှအပဆိုင်ရာလုပ်ငန်းမှာ အလုပ်အကိုင် ဆုံးရှုံးနိုင်ခြေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ပေါ်ပေါက်လာပါတယ်။

ဆန်ဖရန်စစ္စကိုမှာ Clockwork လို့ခေါ်တဲ့ လုပ်ငန်းဟာ သူ့ရဲ့ AI စွမ်းအင်သုံး စက်ရုပ်တွေနဲ့ အလှအပဆိုင်ရာ ဝန်ဆောင်မှုအတွေ့အကြုံကို တော်လှန်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ တွဲဖက်တည်ထောင်သူနဲ့ စီအီးအို ရီနူကာအပ်တေးက အလှပြင်ဆိုင်တွေမှာ ချိန်းဆိုမှု‌တွေကြောင့် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။

AI အလှအပဈေးကွက်မှာ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတဲ့ တခြားကုမ္ပဏီတခုကတော့ Nimble Beauty ဖြစ်ပါတယ်။ တနာရီလောက်အတွင်း ဖောက်သည် ၄ ယောက်ကို လက်သည်းညှပ်ပေးနိုင်တဲ့ သူ့ရဲ့ အိမ်သုံးပစ္စည်းတွေဟာ Kickstarter မှာ အလုံးရေ ၅,၀၀၀ ကျော် ရောင်းချပြီးဖြစ်ပါတယ်။ ကုမ္ပဏီက သင်ယူဖို့နဲ့ လိုက်လျောညီထွေဖြစ်အောင် AI ကို အသုံးပြုပြီး သူ့ရဲ့စက်တွေကို အချိန်နဲ့အမျှ တိုးတက်ကောင်းမွန်လာစေဖို့ အလေးပေးထားပါတယ်။

Nimble Beauty ရဲ့ စီအီးအို အွမ်ရီမိုရန်က လက်သည်းဆေးဆိုးတာလို စက်ရုပ်တွေဟာ နားလည်သဘောပေါက်ပြီး တိကျစွာလုပ်ဆောင်ဖို့ AI ဟာ မရှိမဖြစ် လိုအပ်တယ်လို့ ပြောပါတယ်။ AI မရှိရင် စက်ရုပ်တွေဟာ ကြိုတင်သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်တွေကိုပဲ ထပ်ခါတလဲလဲ ပြုလုပ်နိုင်မှာဖြစ်ပြီး သူတို့ရဲ့ အသုံးဝင်မှုက အကန့်အသတ် ဖြစ်နိုင်ပါတယ်။

လက်သည်းဆိုတာ ဘာလဲဆိုတာ နားလည်တာနဲ့ စနစ်ထဲမှာ သိမ်းဆည်းထားတဲ့ လက်သည်းတွေကို ခွဲခြားသိမြင်နိုင်ပြီး “အိုး၊ လက်သည်းကို မြင်နေတာပဲ၊ ဒါက လက်သည်းပုံသဏ္ဌာန်ပဲ၊ ဒါက cuticle ပါ။ အဲဒါက AI က ပါဝင်လာပါတယ်” လို့ သူက ပြောပါတယ်။

အလှပြင်ဝန်ဆောင်မှုတွေမှာ AI အကောင်အထည်ဖော်မှုရဲ့ အထူးခြားဆုံးဥပမာက LUUM ရဲ့ စက်ရုပ်တွေမှာ မျက်တောင်အဆက်တွေကို ညင်သာစွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။

LUUM ရဲ့ တွဲဖက်တည်ထောင်သူ နာတီဟာဒင်းက သူတို့ရဲ့စက်ရုပ်တွေက သူတို့ကို အစားထိုးမယ့်အစား လူသားစွမ်းရည်ကို မြှင့်တင်ပေးတယ်လို့ ပြောပါတယ်။ စက်ရုပ်လက်တွေကို ပေါ့ပါးတဲ့သံလိုက်နဲ့ ချိတ်ဆွဲထားတာကြောင့် ဘေးကင်းရေးကတော့ အဓိက စိုးရိမ်စရာ ဖြစ်ပါတယ်။

ဒီ AI အလှအပဖြေရှင်းနည်းတွေဟာ အဆင်ပြေမှုနဲ့ တိကျမှုကို ပေးစွမ်းနိုင်ပေမဲ့ မျက်တောင် အနုပညာရှင်တွေနဲ့ လက်သည်းပညာရှင်‌တွေကြားမှာ အလုပ်နေရာပြောင်းရခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ပေါ်ပေါက်လာပါတယ်။ National Lash Artists Association ဟာ တချို့သော ပညာရှင်တွေရဲ့ ကြောက်ရွံ့မှုကို အသိအမှတ်ပြုပေမဲ့ စက်ရုပ်တွေဟာ မျက်တောင်ဆက်တဲ့ အလုပ်အတွက် ဖောက်သည်အသစ်တွေကို ဆွဲဆောင်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

စက်တွေက အမြန်ဝန်ဆောင်မှုတွေအတွက် ရည်ရွယ်ပြီး ကျွမ်းကျင်တဲ့ လူသား ပရော်ဖက်ရှင်နယ်တွေက ပေးဆောင်တဲ့ အပြည့်အဝ အတွေ့အကြုံကောင်းအတွက် အစားထိုးမဟုတ်ဘူးလို့ အပ်တေးက ဆိုပါတယ်။

အပ်တေးရဲ့ ကုမ္ပဏီဟာ လစဉ် နေရာသစ်တွေမှာ နောက်ထပ် စက် နှစ်လုံးကနေ သုံးလုံးကို တပ်ဆင်‌ပေးပြီး သူ့ရဲ့လုပ်ငန်းကို  ဆက်လက်တိုးချဲ့နေပါတယ်။

ဒီအတောအတွင်း LUUM ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့ရှိ  ULTA Beauty မှာ စက်တခုကို မကြာသေးမီက တပ်ဆင်ခဲ့ပါတယ်။ အိမ်တွင်းလက်သည်းနီ ဆိုးတဲ့စက်ကို ထုတ်လုပ်တဲ့ Nimble Beauty က အဆိုပါစက်ကို လာမယ့်နှစ်အစောပိုင်းမှာ ဝယ်ယူရရှိနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားထားပါတယ်။

ရေးသူ- အန်နာဝါနာနှင့် အနာလီဆာနိုဗက်ခ်

ဘာသာပြန်သူ -လီလီ

( CBS သတင်းဌာနမှာ  Anna Wernerနဲ့  Analisa Novak တို့ ရေးသားထားတဲ့  “Robot manicures and eyelash extensions: How A.I. is attracting new beauty industry customers” သတင်းဆောင်းပါးကို ဘာသာပြန်ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013