DVB Logo
Home
နိုင်ငံတကာ
နော်ဝေနိုင်ငံ၏ အကြီးဆုံး LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၂၀၃၀ ပြည့်နှစ်တွင် ပိတ်မည်
DVB
·
August 9, 2023
Donate to DVB

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး ကြိုးပမ်းမှုအဖြစ် နော်ဝေနိုင်ငံရဲ့ အကြီးဆုံး သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံ အက်ကွေနောစ်ဟမ်းမာဖက်စ်ကို ပိတ်ပစ်မယ့် အစီအစဉ်တရပ်ကို နော်ဝေအစိုးရက ဩဂုတ် ၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။

ဒီအစီအစဉ်အရ နော်ဝေနိုင်ငံရဲ့ အကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ် အရင်းအမြစ်ဖြစ်တဲ့ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ၂၀၃၀ ပြည့်နှစ်မှာ ပိတ်ပစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် လွှမ်းမိုးထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းက ဓာတ်အားနဲ့ အစားထိုးမယ့်ကိစ္စလည်း ပါဝင်ပါတယ်။

အနောက်ဥရောပရဲ့ အကြီးဆုံး LNG စက်ရုံကနေ တိုင်းတာမှုအရ တနှစ်ကို CO2 ထုတ်လွှတ်မှု တန်ချိန် ၈ သိန်းခွဲလောက် ဒါမှမဟုတ် နော်ဝေနိုင်ငံရဲ့ နှစ်စဉ်ထုတ်လွှတ်မှု စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းလောက်ကို လျှော့ချနိုင်မယ်လို့ ခန့်မှန်းပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမယ့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ ဓာတ်အားခစျေးနှုန်းတွေ မြင့်တက်မှုနဲ့ ဒေသခံ ဆာမီ ဒရယ် မွေးမြူထိန်းကျောင်းသူတွေရဲ့ အခွင့်အရေးတွေ ထိခိုက်နိုင်လို့ ဒေသခံတွေနဲ့ အငြင်းပွားခဲ့ပါတယ်။

စက်တင်ဘာလမှာ ကျင်းပမယ့် ဒေသန္တရ ရွေးကောက်ပွဲတွေ မတိုင်မီ မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ဖို့ နော်ဝေဗဟိုလက်ဝဲအစိုးရဟာ နိုင်ငံရဲ့ မြောက်ဖျားဒေသမှာ ပြန်လည်ပြည့်ဖြိုးမြဲ ဓာတ်အားအရင်းအမြစ် အသစ်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပိုမိုချိတ်ဆက်မှု ပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းအသစ်တွေ တည်ဆောက်ဖို့ ပံ့ပိုးကူညီသွားမယ်လို့ ကတိပြုပါတယ်။

ဟမ်းမားဖက်စ် စက်ရုံဟာ စီစဉ်ထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း ပြောင်းချိတ်မယ့် အချိန်ဟာ အရင်စီစဉ်ထားတာထက် ၂ နှစ်နောက်ကျပြီး ၂၀၃၀ ပြည့်နှစ်မှာမှ လုပ်နိုင်လိမ့်မယ်လို့ နော်ဝေအစိုးရက ပြောပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013