DVB Logo
Home
နိုင်ငံတကာ
တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့
DVB
·
August 9, 2023
Donate to DVB

တောင်အာဖရိကနိုင်ငံရဲ့ ခရီးသွားမြို့တော် ကိပ်တောင်းမှာ ဆက်ဖြစ်နေတဲ့ မီနီဘတ်စ် အငှားယာဉ်သမားတွေရဲ့ သပိတ်မှောက်မှုကြောင့် သြဂုတ် ၈ ရက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

မာဆယ်ဖူမေလီလီမြို့နယ်မှာ နေထိုင်သူတွေ အပြင်ထွက်မရအောင် မနေ့မနက်ပိုင်းမှာ မြို့ခံတချို့က အတားအဆီးတွေ တပ်ဆင်ပြီး အရံအတားအများအပြားကို မီးရှို့ခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။

လမ်းပေါ်မှာ မောင်းဖို့ မသင့်တော်ဘူးလို့ အစိုးရက အခိုင်အမာပြောတဲ့ အငှားယာဉ်တွေကို သိမ်းယူတာ အပါအဝင် နစ်နာချက်အမျိုးမျိုးကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့အပြီး မီနီဘတ်စ် အငှားယာဉ်လုပ်ငန်း လုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ကိပ်တောင်းအစိုးရတို့အကြား ရှေ့မတိုး နောက်မဆုတ် အခြေအနေ ဖြစ်နေတာပါ။

အငှားယာဉ်ဆိုင်ရာ အဖွဲ့အစည်းတွေက လွန်ခဲ့တဲ့သီတင်းပတ်က သပိတ်မှောက်ဖို့နဲ့  လုပ်ငန်းတွေပိတ်သိမ်းဖို့ တောင်းဆိုခဲ့လို့ ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်ရပြီး စီးပွားရေး လုပ်ငန်းတွေလည်း ပိတ်သိမ်းခဲ့ရပါတယ်။

သပိတ်မှောက်မှုနဲ့ ဆက်နွှယ်ပြီး ဗြိတိသျှနိုင်ငံသားတယောက် အပါအဝင် လူငါးယောက် သေဆုံးခဲ့တယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ် ၃ ရက်မှာ သပိတ်စကတည်းက လူအယောက် ၁၂၀ အဖမ်းခံခဲ့ရပြီး လုယက်၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်၊ လမ်းပိတ်ဆို့၊ မီးရှို့မှုတွေနဲ့ အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013