DVB Logo
Home
မြန်မာသတင်း
မာရဝီဇယဘုရားဖွင့်ပွဲသို့ စစ်ကောင်စီတပ်နဲ့ရဲ အင်အား ၅၀၀၀ ကျော် လာရောက်
DVB
·
August 8, 2023
မာရဝီဇယဘုရားဖွင့်ပွဲသို့ စစ်ကောင်စီတပ်နဲ့ရဲ အင်အား ၅၀၀၀ ကျော် လာရောက်
1 / 3
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေက အမြင့် ၈၂ ပေရှိတဲ့ မာရဝီဇယဘုရားကို ဒီနေ့ကစပြီး အရပ်သားပြည်သူတွေကို အခမဲ့ဖူးခွင့်ပေးခဲ့ပေမဲ့ လာရောက်သူမှာ စစ်ကောင်စီတပ်နဲ့ ရဲအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ၅၀၀၀ ကျော်ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မာရဝီဇယဘုရားကို သြဂုတ် ၈ ရက်မှ ၁၆ ရက်အတွင်း လာရောက်သူကို စစ်ကောင်စီက မှတ်တမ်းတင်ခဲ့ရာ စစ်ကောင်စီတပ်နဲ့ ရဲအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ၅၀၀၀ ကျော်ရှိပြီး သံဃာတော်နဲ့ပြည်သူမှာ ၄၀၀၀ နီးပါးရှိတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဘုန်ကြီးနဲ့ သီလရှင်က ၄၅၀ ကျော်တယ်၊ သာမန်အရပ်သားက ၃၀၀၀ နီးပါး။ စစ်တပ်နဲ့ရဲက ၅၀၀၀ ကျော်တယ်၊ ဒီနေ့စာရင်းအရ ၁ သောင်းရှိတယ် လာတဲ့သူ။ ဒါပေမဲ့ ဌာနဆိုင်ရာက များတယ်" လို့ ပြောပါတယ်။

မာရဝီဇယဘုရားမှာ ဒဏ္ခိဏသီရီမြို့နယ် ဗုဒ္ဓဥယျာဥ်ကံတော်မှာ တည်ရှိပြီး လာရောက်သူတွေကို စစ်ကောင်စီတပ်နဲ့ရဲတွေက အဆင့်ဆင့်စစ်ဆေးပြီးမှ ဝင်ခွင်ပြုတာလို့ သွားရောက်ခဲ့သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"နှုတ်ခမ်းနီတို့၊ ဆော့လ်ပင်တို့၊ မှုတ်ဆေးတို့ ယူလို့မရဘူး။ ဆေးလိပ်ရော၊ ကွမ်းရော စားလို့သောက်လို့ မရဘူး။ သတိပေးစာတွေ ကပ်ထားတယ်။" 

ဘုရားပရဝဏ်အတွင်းမှာ ဗီနိုင်းတွေနဲ့ ခဲတံ၊ CD Maker Pen၊CorreCtion Pen၊Permanent Pan၊ နှုတ်ခမ်းနီ၊ လက်သည်းနီ ဆိုးဆေးအမျိုးမျိုး၊ အိမ်သုတ်ဆေးအမျိုးမျိုး၊ မှုတ်ဆေး(Spray) အမျိုးမျိုး၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာ အမျိုမျိုးမယူရဘူးလို့ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူထားတယ်လို့ သွာရောက်ခဲ့သူတွေကဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၁၈ ခုနှစ်က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာမှာ တွေ့ရှိခဲ့တဲ့ ၆၅ ပေရှိတဲ့ စကျင်ကျောက်ကို ဘုရားအဖြစ် ထုလုပ်ကိုးကွယ်ပြီး မာရဝီဇယအမည်မှည့်ခဲ့တာဖြစ်ပါတယ်။

အလေးချိန် ၅၂၉၂ တန်ပြီး ၆၅ ပေရှိတဲ့ စကျင်ကျောက်တုံးကြီးကို ၂၀၁၉ ခုနှစ်မှာ တူးဖော်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ် ၁၇ ရက်မှာ လေးပိုင်းခွဲကာ နေပြည်တော်သယ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်း ထုလုပ်ပြီးစီးကာ သြဂုတ် ၁ ရက်နေ့မှာ ရေစက်ချခံတာဖြစ်ပါတယ်။

နိုင်ငံအတွင်းမှာ ပြည်သူတွေ စားဝတ်နေရေးခက်ခဲပြီး ကုန်စျေးနှုန်းကြီးမြှင့်တာ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာနဲ့ ခိုးဆိုးလုယက်မှုတွေ ကြုံနေရချိန် ငွေကျပ်ဘီလီယံချီ အကုန်အကျခံကာ မာရဝီဇယဘုရား တည်ဆောက်တဲ့ ကိစွနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်မှာ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013