DVB Logo
Home
နိုင်ငံတကာ
ထောင်ဒဏ်ကျခံနေရသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း အကျဉ်းသားအခွင့်အရေး မရ
DVB
·
August 8, 2023
Donate to DVB

အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းဟာ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ခံစားခွင့်ရှိတဲ့ ဘာအခွင့်အရေးကိုမှ မရရှိကြောင်း သူ့ရဲ့ရှေ့နေ နာအီးမ် ပန်ဂျူသာက သြဂုတ် ၇ ရက်မှာ ပြောပါတယ်။

ခန်းကို ထိန်းသိမ်းထားဖို့ အစိုးရက ရွေးချယ်ထားတဲ့ အကျဉ်းထောင်ဟာ ကြမ်းတမ်းတဲ့ ရာဇဝတ်ကောင်တွေကို ထားရှိရာ အဆင့်နိမ့်ပါးပြီး ဘာအသုံးအဆောင်မှလည်း မရှိဘူးလို့ ခန်း ပြစ်ဒဏ်ချခံရပြီး ၂ ရက်အကြာမှာ သူ့ရဲ့ရှေ့နေက ပြောလိုက်တာပါ။

“ဝန်ကြီးချုပ်ဟောင်းတယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ လေအေးပေးစက်လည်း မရှိဘဲ ပန်ကာတခုသာ ရှိကြောင်း၊ ရေချိုးခန်းကလည်း ဟင်းလင်းပွင့်နေပြီး ရေပန်းလည်း သုံးမရကြောင်း၊ နေ့ခင်းဘက်တွေမှာ ယင်ကောင်တွေများပြီး ညဘက်တွေမှာ အင်းဆက်အမျိုးမျိုးရှိကြောင်း၊ ညဘက် မိုးရွာလာရင် အကျဉ်းဆောင်ထဲကို ရေတွေ စိမ့်လာကြောင်းနဲ့ ဘုရားဝတ်ပြုဆုတောင်းဖို့တောင် ခက်ခဲတဲ့ အခန်းကျဉ်းလေးထဲမှာ သူ့ကို ထည့်ထားတယ်” လို့ ရှေ့နေ နာအီးမ် ပန်ဂျူသာက ပြောပါတယ်။

“မိုဘိုင်းလ်ဖုန်းလည်းမရှိ၊ ရုပ်မြင်သံကြားလည်း မရှိ၊ သတင်းစာလည်း ယူခွင့်မပေး၊ ဘာအခြေခံ အထောက်အကူတွေမှ ပေးမထားတော့ ဘာဖြစ်နေမှန်းကို မသိရဘူးလို့ ခန်းက ပြောကြောင်းလည်း” ရှေ့နေ နာအီးမ်က ပြောပါတယ်။

“သာမန်အကျဉ်းသားတွေတောင် ထောင်စည်းမျဥ်းအရ အခြေခံအခွင့်အရေးတွေရပြီး လွတ်လွတ်လပ်လပ် နေခွင့်ရှိပေမဲ့ ခန်းကိုပြုမူထားတဲ့ အခြေအနေတွေက တော်တော်ကို ရှုတ်ချစရာကောင်းတယ်” လို့ ခန်း ထောင်ကျနေချိန်အတွင်း ပါကစ္စတန် တယ်ရိခ် အီ အင်ဆာ့ဖှ် (PTI) ကို ဦးဆောင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရှား မာမွဒ် ကူရေရှီက အစ္စလမ်မာဘတ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အခြေအနေတွေကို စိန်ခေါ်ဖို့အတွက် တရားစီရင်ရေး လုပ်ငန်းစဉ်မှာ ရှေ့နေပါဝါလက်မှတ် ရေးထိုးထားပြီး သြဂုတ် ၈ ရက်မှာ အသနားခံစာ တင်မှာဖြစ်ကြောင်းလည်း PTI ပါတီရဲ့ ယာယီခေါင်းဆောင် ရှား မာမွဒ် ကူရေရှီက ပြောပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013