DVB Logo
Home
မြန်မာသတင်း
ထားဝယ်နှင့် လောင်းလုံး၌  တိုက်ပွဲများဖြစ်ပွားပြီး  နှစ်ဘက် ထိခိုက်ကျဆုံး
DVB
·
August 8, 2023
ထားဝယ်နှင့် လောင်းလုံး၌  တိုက်ပွဲများဖြစ်ပွားပြီး  နှစ်ဘက် ထိခိုက်ကျဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် တည်ရှိရာ နဘုလယ်ဒေသနဲ့ လောင်းလုံးမြို့နယ် နခံတောကျေးရွာအုပ်စုတို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်း စဝင်လာတဲ့ ဇူလိုင်၁၂ ရက်ကနေ ၁၇ ရက်အထိ ၆ ရက်ဆက်တိုက် လောင်းလုံးမြို့နယ် နခံတောကျေးရွာအုပ်စု၊ ခမောင်းတောင်ရွာ၊ မောင်းမကန်ရဲစခန်းနဲ့ ရေဖြူမြို့နယ်၊ နလုလယ်ဒေသ ရေနက်ဆိပ်ကမ်းရဲစခန်းစတဲ့ နေရာတွေမှာ PDF တွေက လက်ဦးမှုယူကာ တိုက်ခိုက်မှု ၈ ကြိမ်နဲ့ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ဝ ဦး သေဆုံးတယ်လို့ ဗထူးစစ်ကြောင်းကနေ သိရပါတယ်။ 

ဇူလိုင် ၁၅ ရက်က  ရေနက်ဆိပ်ကမ်းဧရိယာအတွင်းရှိ နဘုလယ်ဒေသ၊ ဧကနိရွာမှာ စစ်ကောင်စီတပ်ရဲ့ အလစ်အငိုက်တိုက်ခိုက်ခံရမှုကြောင့် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တယောက်နဲ့ မဟာမိတ် တပ်ဖွဲ့က ရဲဘော်တယောက် ကျဆုံးခဲ့ရပါတယ်။

ဇူလိုင်လ ၂၂ နဲ့ ၂၃ ရက်တွေမှာ နခံတောကျေးရွာအုပ်စုနဲ့ တောင်မင်းပြောင်ရွာတွေကို စစ်အင်အား အလုံအရင်းနဲ့ အင်အားပြန်ဖြည့်ကာ စစ်ကြောင်းပြန်ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဗထူးစစ်ကြောင်းတို့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး  ဗထူးစစ်ကြောင်းမှ လောင်းလုံး ပကဖ ရဲဘော် သုံးယောက် ကျဆုံးခဲ့လို့ စျာပနကို လောင်းလုံးပကဖက ပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အရာရှိ တယောက် အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ကျော်လည်းဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်လ ၂၅ ရက်မှာလည်း နဘုလယ်ရေနက်ဆိပ်ကမ်းဒေသ ၊ မူးဒူးရွာမှာ အရပ်သားအသွင်ယူထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးရှိသလို ရေဖြူ ပကဖ ၊ ဇင်ယော်တပ်စုမှ ရဲဘော်  ၃ သုံးယောက် ကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။

ဇူလိုင် ၂၇ ရက်ကနေ ၃ဝ ရက်အထိလည်း နဘုလယ်ဒေသနဲ့ကပ်နေတဲ့ ဇာဒီရွာဘက်နေ ရွာသား ၅၀ နီးပါးကို စစ်ကောင်စီတပ်က လူသားဒိုင်းအသုံးပြုပြီး စစ်ကြောင်းတစ်ကြောင်း ထပ်ထိုးခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးတော့မရှိဘူးလို့သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဟာ နဘုလယ်ရေနက်ဆိပ်ကမ်း ရဲစခန်းမှာ တကုတ်ကျင်းတွေ၊ ဘန်ကာတွေ တည်ဆောက်ပြီး ရဲစခန်းမှာ ဆက်ရှိနေပြီး ရွာသား လေးယောက်ကိုလည်း ဆက်လက် ဖမ်းဆီးခံထားရတယ်လို့ နဘုလယ်ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးမြို့နယ်မှာ သြဂုတ်လဆန်းအထိ စစ်ကောင်စီတပ်က တပ်ဖြန့်ထားမှုအခြေအနေကို လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံက “လောင်းလုံးမြို့နယ်ထဲ ရပ်ခံတောင်(နခံတောရွာ) ပေါ်မှာနဲ့  သဲပုံတောင်ပေါ်မှာ တပ်စွဲပြီး နေကြဆဲဖြစ်တယ် “ လို့ ဒီဗွီဘီကိုပြောပါတယ်။

ဇူလိုင်လအတွင်း စစ်ကောင်စီ စစ်ကြောင်း ထိုးမှုကြောင့် လောင်းလုံးနဲ့ ရေဖြူမြို့နယ်အတွင်းမှာ အရပ်သား ထိခိုက်မှုအနေနဲ့ လက်နက်ကြီးထိမှန်တာနဲ့ ပစ်သတ်ခံရသူ နှစ်ယောက်၊ ဒဏ်ရာရသူ တယောက်နဲ့ နေအိမ် ၇ လုံး၊ ကားတစ်စီး မီးရှို့ခံရပြီး ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013