DVB Logo
Home
မြန်မာသတင်း
တကောင်း ပကဖ တပ်ဖွဲ့ဝင် ၆ ဦးကို စစ်တပ်က ပစ်သတ်၊  ယင်းမာပင် PDF တပ်စိတ်မှူး ၁ ဦး  ပစ်သတ်ခံရ 
DVB
·
August 8, 2023
တကောင်း ပကဖ တပ်ဖွဲ့ဝင် ၆ ဦးကို စစ်တပ်က ပစ်သတ်၊  ယင်းမာပင် PDF တပ်စိတ်မှူး ၁ ဦး  ပစ်သတ်ခံရ 
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းနယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကို ဩဂုတ် ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပစ်ခတ်သတ်ဖြတ်သွားတယ်လို့ တကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မြေပြင်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က  ကျောက်အိုက်ကျေးရွာကို မီးရှို့ရင်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားကာ ပိတ်မိသွားတဲ့ ပကဖ ၆ ဦးကို ဖမ်းမိသွားပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

ဒေသခံတဦးက “ကျောက်အိုက်ထဲတင် မိသွားတာ၊ သူတို့ ရွာထဲတင် ပိတ်မိသလို ဖြစ်သွားတာ။ လောလောဆယ်တော့ ကျောက်အိုက်နားကို ကပ်လို့ကို မရသေးဘူး” လို့ ပြောပါတယ်။

ဇူလိုင် ၂၉ ရက်ကတည်းက တကောင်းတိုက်နယ်၊ ဆယ်ဇင်းကုန်းကျေးရွာအနီး နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်တပ်က အင်အား ၇၀၀ ခန့်နဲ့ တကောင်းနယ်တခုလုံးမှာ လတ်တလောအချိန်အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ သပိတ်ကျင်းမြို့နယ်အတွင်း ကျောက်အိုက်ကျေးရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သလို မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ ဆင်ညှပ်ကုန်း စတဲ့ကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ခဲ့တဲ့အတွက် ဒေသခံအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် ချိုမိုင်မိုင် တော်လှန်ရေး အင်အားစု (Special Task Force) ရဲ့ တပ်စိတ်မှူး MZO (အသက် ၂၆ နှစ်) ဟာ  သြဂုတ် ၁ ရက် မနက် ၄ နာရီခွဲလောက်က မုံရွာကိုအသွား စစ်ကောင်စီတပ်နဲ့ထိပ်တိုက်တွေ့ပြီ ပစ်သတ်ခံလိုက်ရလို့ သေဆုံးခဲ့တယ်လို့ သူ့ရဲ့တပ်ဖွဲ့က သြဂုတ်လ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ချိုမိုင်မိုင် တော်လှန်ရေး အင်အားစု (Special Task Force) မှ ရဲဘော် မောင်တူးက " မုံရွာနယ်ထဲ အလုပ်ကိစ္စ (စစ်ဆင်ရေး) တစ်ခုအတွက် သွားရင်း စကစနဲ့ ထိပ်တိုက်တိုးပြီး ကျတာဗျ။ ထိပ်တိုက်တိုးတော့ ပြေးရင်း အပစ်ခံရတာဗျ။ ယင်းမာပင်ခရိုင် တပ်ရင်း ၁ က နှစ်ယောက် အဖော်ပါတယ်ဗျ။ ခရိုင် ရင်း ၁ က တယောက်က အဖမ်းခံရပြီး  တယောက် လွတ်လာတာဗျ။ ချိုမိုင်မိုင်က တစ်ယောက်က ကျတာဗျ" လို့ပြောပါတယ်။

ချိုမိုင်မိုင် တော်လှန်ရေး အင်အားစုအနေနဲ့ ကျန်ရစ်ခဲ့သူ မိသားစုတွေနဲ့ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပြီး တပ်စိတ်မှူး MZOကို“ချိုမိုင်မိုင်” တော်လှန်ရေး အင်အားစုက ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့  Special Task Force အဖွဲ့က ထုတ်ပြန် ကြေညာထားပါတယ်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးကတော့ တရားဝင် သတင်းထုတ်ပြန်တာ မရှိပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013