DVB Logo
Home
မြန်မာသတင်း
Omni Focus YBS  ဘတ်စ်ကား ယာဥ်စီးခ တိုးမြှင့် ကောက်နေ  
DVB
·
August 7, 2023
Omni Focus YBS  ဘတ်စ်ကား ယာဥ်စီးခ တိုးမြှင့် ကောက်နေ  
1 / 3
Donate to DVB

Omni Focus ကုမ္ပဏီက တာဝန်ယူပြေးဆွဲနေတဲ့ YBS ခရီးသည်တင် ဘတ်စ်ကား လိုင်းတွေမှာ သြဂုတ် ၁ ရက်က စပြီး ပုံမှန် ယာဥ်စီးခ ၃၀၀ ကျပ်ကနေ ၄၀၀ ကျပ်ကို ပြောင်းလဲ ကောက်ခံနေတယ်လို့  ဘတ်စ်ကားစီး ခရီးသွားပြည်သူတွေထံကနေ သိရပါတယ်။

အခုလို ယာဥ်စီးခ စျေးနှုန်းကို တိုးမြှင့်လိုက်တာဟာ ဂတ်စ်စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ Omni Focus ကုမ္ပဏီရဲ့ YBS ၂၀ ယာဥ်လိုင်းက ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

ယာဥ်စီးခတွေ ဈေးတက်သွားတာကြောင့် သွားရေးလာရေးအတွက် လိုင်းကားတွေကိုသာ အားကိုးနေရတဲ့ လက်လုပ်လက်စားပြည်သူတွေအနေနဲ့ ထိခိုက်မှုရှိတယ်လို့ လှိုင်သာယာကနေ မင်္ဂလာတောင်ညွန့်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လာလုပ်နေတဲ့ ပန်းရံဆရာတစ်ဦးက ပြောပြပါတယ်။

“အရင်ကဆို ကားခက  ၂၀၀ပဲ ရှိတယ်၊ အဲ့ဒီကနေတဆင့် ၃၀၀ ဆိုပြီး ထပ်တက်သွားတယ်၊ အခုလ ၁ ရက်နေ့မှာ ၄၀၀ ဖြစ်သွားတယ်၊ လက်ထဲမှာ ပိုက်ဆံ တစ်ထောင်လောက်မှ မရှိရင် လိုင်းကားတောင် စီးလို့ မရတော့ဘူး။”

ယာဉ်စီးခတိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး Omni Focus ကုမ္ပဏီကတော့ တရားဝင် ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

Omni Focus ကုမ္ပဏီက အခုလို ယာဥ်စီးခတွေ တိုးမြှင့်လိုက်တာကြောင့် တခြားယာဥ်လိုင်းတွေကပါ ယာဥ်စီးခတွေ လိုက်လံတိုးမြှင့်မှာကို ခရီးသွား ပြည်သူတွေက စိုးရိမ်နေပါတယ်။

Omni Focus ကုမ္ပဏီကို ယခင် မဆလ အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းရဲ့ မြေးဖြစ်သူ အေးနေဝင်းနဲ့  ကျော်နေဝင်းတို့ ပိုင်ဆိုင်တာဖြစ်ပြီး ယာဥ်လိုင်း ၉ လိုင်း ယာဥ်အစီးရေ ၅၀၀ ကျော်နဲ့ ပြေးဆွဲနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013