DVB Logo
Home
အားကစား
လိဒ်ယူနိုက်တက် ကွင်းလယ်လူ တိုင်လာအဒမ်ကို ခေါ်ယူရန် ချဲလ်ဆီး ကြိုးပမ်း
DVB
·
August 7, 2023
Donate to DVB

ချဲလ်ဆီးအသင်းဟာ လိဒ်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား တိုင်လာအဒမ်ကို ခေါ်ယူဖို့ အရှိန်မြှင့်လုပ်ဆောင်နေပြီး စာချုပ် ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီရာသီမစတင်မီ ကွင်းလယ်အားဖြည့်တင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ပေါင် သန်း ၂၀ တန် စာချုပ် ချုပ်ဆိုနိုင်ဖို့ ဆန္ဒရှိနေတာပါ။

အဒမ်ဟာ လိုက်ဇစ်အသင်းကနေ လိဒ်အသင်းကို ပြီးခဲ့တဲ့ နွေရာသီကမှ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး သူဟာ အင်္ဂလန် ချန်ပီယံရှစ်ကို တန်းဆင်းသွားရတဲ့ လိဒ်အသင်းမှာ ဆက်ကစားဖို့ စိတ်အားထက်သန်မှုလည်း မရှိတော့ပါဘူး။

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုဘက်ကတော့ အသက် ၂၄ နှစ်အရွယ် အမေရိကန်သားအတွက် သဘောတူညီမှုကို တရားဝင်ဖြစ်စေဖို့ ပြင်ဆင်နေပြီး လီဗာပူးနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် ခေါ်ယူနိုင်ဖို့ မျှော်မှန်းထားပါတယ်။

အက်စ်တွန်ဗီလာနဲ့ တခြားထိပ်သီးအသင်းတွေကလည်း အဒမ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားမှု ရှိပေမဲ့ သူကတော့ စတမ်းဖို့ဘရစ်ချ်ရဲ့ အသင်းပြန်လည်တည်ဆောက်ရေး လုပ်ဆောင်နေချိန်မှာ ပြောင်းရွှေ့နိုင်ဖို့ လိုလားနေတာလည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ရာသီမှာ လိဒ်အသင်းအတွက် ၂၄ ပွဲ ပွဲထွက်ကစားခွင့် ရရှိခဲ့ပေမဲ့ ဂိုးသွင်းယူနိုင်ခြင်းလည်း မရှိသလို ဂိုးဖန်တီးမှုလည်း မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013