
လီဗာပူးမှာ ၁၁ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ နောက်ခံလူ ဂျိုးဂိုးမက်ဇ်ဟာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တာကြောင့် အေစီမီလန်နဲ့ ဘက်ဆစ်တပ်စ်တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။
အသက် ၂၈ နှစ်အရွယ် ဂိုးမက်ဇ်ဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် ပွဲထွက်ခွင့် နည်းခဲ့ပေမဲ့ နေရာစုံ ကစားနိုင်တဲ့ အရည်အချင်းကြောင့် ဥရောပကလပ်တွေက မျက်စိကျနေတာပါ။
လီဗာပူးမှာ နောက်ခံလူတချို့ ဒဏ်ရာရနေပြီး ရောဘတ်ဆင်လည်း ထွက်ခွာဖွယ်ရှိလို့ ဂိုးမက်ဇ်ကို ဆက်ထိန်းထားနိုင်ပေမဲ့ ကစားသမားကတော့ အေစီမီလန်ကို စိတ်ဝင်စားနေပါတယ်။
ဒါ့အပြင် လီဗာပူးဟာ ထွက်ခွာဖွယ်ရှိတဲ့ ဆာလက်ရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေပါတယ်။










