
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သူ့နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် အခုသီတင်းပတ်အတွင်း နေရာတွေမှာ ကွင်းဆင်းလမ်းညွှန်မှု ပေးခဲ့ပါတယ်။
အဲ့ဒီနောက် အဓိက လက်နက်စက်ရုံတွေမှာ ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ဖို့ ညွှန်ကြားချက် ပေးခဲ့တယ်လို့ အစိုးရသတင်းအေဂျင်စီ KCNA က သြဂုတ် ၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ကင်ဂျုံအန်းဟာ သြဂုတ် ၃ ရက်နဲ့ ၅ ရက်ကြားမှာ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ခတ်ဖို့ ပုံမှန် သုံးလေ့ရှိတဲ့ အထူးကြီးမားတဲ့ ဒုံးပစ်လောင်ချာတွေနဲ့ အတွဲလိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည် ပစ်လွှတ်ဖို့ အခွံတွေကို ထုတ်လုပ်တဲ့ စက်ရုံတွေကို စစ်ဆေးခဲ့တယ်လို့ KCNA က ပြောပါတယ်။
လက်နက်ထုတ်လုပ်ရေး စက်ရုံတွေဆီ ရက်အတော်ကြာ ဆက်တိုက် သူ့ရဲ့ လည်ပတ်မှုက ပုံမှန် မဟုတ်ပါဘူး။
ဒါပေမဲ့ ဗျူဟာမျိုးစုံနဲ့ သမားရိုးကျ လက်နက်တွေ ထုတ်လုပ်ရေးနဲ့ ထင်ရှားတဲ့ လက်နက် မျိုးစုံ ကို ပြသနိုင်ရေး မကြာသေးမီက နိုင်ငံရဲ့ တွန်းအားပေးမှု ကြားမှာ ခုခရီးစဉ် ထွက်ပေါ်လာတာပါ။
ဇူလိုင်လ နှောင်းပိုင်းမှာ ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အဖြစ် မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့ နောက်ဆုံးပေါ် နျူကလီးယား ထိပ်ဖူးတပ်နိုင်တဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နိုင်တဲ့ ထောက်လှမ်းရေး ဒရုန်းတွေကို ပြသခဲ့ပြီး ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂျီရွှိုင်ဂူ အပါအဝင် တရုတ်နဲ့ ရုရှားနိုင်ငံတွေက အကြီးတန်း အရာရှိတွေ တက်ရောက်ခဲ့ကြ ပါတယ်။
Source-Reuters











