DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံခဲ့ရသည့် စစ်တွေမြို့က KTV ပိုင်ရှင်များနှင့် ဝန်ထမ်း ၆၀ ကျော်ကို အမှုဖွင့်
DVB
·
August 6, 2023
ဖမ်းဆီးခံခဲ့ရသည့် စစ်တွေမြို့က KTV ပိုင်ရှင်များနှင့် ဝန်ထမ်း ၆၀ ကျော်ကို အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ဖမ်းဆီးခဲ့တဲ့  KTV ပိုင်ရှင်တွေနဲ့ ဝန်ထမ်း ၆၀ ကျော်ကို စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

စစ်တွေမြို့မရဲစခန်း တာဝန်ရှိသူတယောက်က "KTV နှစ်ခုလုံးကို ဇူလိုင် ၃၀ ရက်၊ ည ၁၂ နာရီကျော်မှာ ဝင်ရောက်စီးနင်းခဲ့တာ။ နောက်တနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ အမှုဖွင့်ပြီး အာမခံနဲ့ လွှတ်ပေးလိုက်တယ်။ အမှုရင်ဆိုင်ပြီး ဖြေရှင်းကြရမှာပေါ့" လို့ ပြောပါတယ်။

အိမ်ဖြူတော်လို့ လူသိများတဲ့ White House KTV ဟာ စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ Sweet Dream KTV ကတော့ မင်းဂံရပ်ကွက်မှာရှိပြီး သူတို့ကို ပုဒ်မ ၃၂ နဲ့ အမှုဖွင့်ထားပါတယ်။

အဲဒီ KTV နှစ်ခုအပါအဝင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်က Rock & Roll KTV ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက အင်အားအများအပြားနဲ့ ဝင်ရောက် စီးနင်းခဲ့ကြတာဖြစ်ပါတယ်။

စစ်တွေမြို့က တရားလွှတ်တော်ရှေ့နေတယောက်က "ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေ ပုဒ်မ ၃၂ ကတော  ငွေကျပ် ၁ သိန်း၊ ထောင်ဒဏ် ၃ နှစ်၊ ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်" လို့ ဆိုပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ စားသောက်ဆိုင်တွေ၊ KTV တွေ၊ ဘားတွေ၊ စင်တင် တေးဂီတတွေ၊ နိုက်ကလပ်တွေနဲ့ အနှိပ်ခန်းတွေကို ခွင့်ပြုထားတဲ့ လုပ်ငန်းလိုင်စင်တွေ အတိုင်း ဖွင့်လှစ်ဖို့နဲ့ ခွင့်ပြုမိန့်မရဘဲ လုပ်နေသူတွေကို ဇူလိုင် ၅ ရက်က စပြီး ပိတ်သိမ်းကြဖို့ အခု ၂၀၂၃ နှစ်ထဲမှာ ညွှန်ကြားချက်ထုတ်ပြန်ထားခဲ့ပါတယ်။

အဲဒီလို ထုတ်ပြန်ခဲ့ပြီးနောက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မြဝတီ၊ မော်လမြိုင်စတဲ့မြို့တွေက KTV တွေအပြင် ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာလည်း ကာရာအိုကေဆိုင်တွေကို စစ်ကောင်စီက စစ်ဆေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013