Home
မြန်မာသတင်း
ပလက်ဝသို့ ကုန်သယ်ယူခွင့် စစ်ကောင်စီက ကန့်သတ်ထားဆဲ
DVB
·
August 6, 2023
365468958_1299038610973699_906353855723177793_n

ချင်းပြည်နယ်၊ ပလက်ဝမှာ ဆန်၊ စက်သုံးဆီ၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ စားသောက်ကုန်တချို့ကို စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့ပဲ သယ်ယူနေရတုန်းပဲ ဖြစ်တာကြောင့် လူသုံးကုန်ရှားပါးပြီး ဈေးမြင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကနေ ပလက်ဝကို ခုလို ကုန်စည်တွေကန့်သတ်ထားတာဟာ ရက္ခိုင့်တပ်တော်နဲ့ တကျော့ပြန်တိုက်ပွဲစခဲ့ချိန်ကနေဖြစ်ပြီး လက်ရှိ အပစ်ရပ် ထားချိန်မှာလည်း ခွင့်ပြုချက်ပါမှ သယ်ယူခွင့်ပြုနေတာဖြစ်ပါတယ်။

အဲဒါကြောင့် ပလက်ဝဒေသရဲ့ ကုန်စျေးနှုန်းတွေဟာ တခြားမြို့နယ်တွေထက် ပိုမြင့်နေတယ်လို့ ပလက်ဝဒေသခံတယောက်က ပြောပါတယ်။

"ပုံမှန်သယ်လို့မရသေးပါဘူး။ ဆိုင်သည်တွေတော့ မျှောစာနဲ့သယ်ကြတယ်။ ကုန်ပစ္စည်းတွေသယ်မယ်ဆို မျှောစာတင်ရတယ်။ ကျမှ သယ်ခွင့်ရတယ်။ ကျောက်တော်နဲ့ ယှဉ်ရင် ကျနော်တို့ဒေသက ကုန်စျေးပိုမြင့်နေတယ်" လို့ ပြောပါတယ်။

ပလက်ဝဒေသဟာ စားသောက်ကုန်အစ လူသုံးကုန်အဆုံး ရခိုင်ပြည် ကျောက်တော်မြို့နယ်ကို အဓိကအားထားနေရတာဖြစ်ပြီး လက်ရှိကျောက်တော်မှာ ပေါ်ဆန်မွှေးဆန်တအိတ်ကို ၉၀,၀၀၀ ကျပ်ပဲရှိပေမယ့် ပလက်ဝမှာတော့ ၁၁၇,၀၀၀ ကျပ်အထိ စျေးရှိနေတာဖြစ်ပါတယ်။

ဒီလိုအခြေနေတွေကြောင့် ဒေသခံ အခြေခံလက်လုပ်လက်စားတွေအနေနဲ့ အခက်ကြုံ နေကြရဆဲ ဖြစ်တယ်လို့ ပလက်ဝဒေသခံတွေက ဆိုပါတယ်။

ပလက်ဝဒေသဟာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့ တိုက်ပွဲဖြစ်တာများတဲ့ ဒေသတခုဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ဒီဒေသရဲ့ အဓိကကုန်စည်စီးဆင်းရာ ရေလမ်းကြောင်းကို မကြာခဏ ပိတ်ဆို့လေ့ရှိပါတယ်။

photo-ပြည်နယ်စစ်ကောင်စီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024