DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်၌ သွေးလွန်တုပ်ကွေးကြောင့် လူ ၃၀၀ ခန့်သေဆုံး
DVB
·
August 5, 2023
ဘင်္ဂလားဒေ့ရှ်၌ သွေးလွန်တုပ်ကွေးကြောင့် လူ ၃၀၀ ခန့်သေဆုံး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာက ဆေးရုံတွေမှာ သြဂုတ် ၄ ရက်က သွေးလွန်တုပ်ကွေး လူနာ အများအပြားအတွက် နေရာပေးနိုင်ရေးကို ရုန်းကန်နေရပြီး ဘင်္ဂလားဒေ့ရှ်မှာ ၂ နှစ်ဆက်တိုက် ကူးစက်မှုနဲ့ သေဆုံးမှု စံချိန်တင်လာပါတယ်။

ခြင်ကတဆင့်ကူးစက်တဲ့ ရောဂါဟာ အခုမိုးရာသီမှာ လူဦးရေ ထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝှမ်း မြန်မြန်ဆန်ဆန် ပျံ့နှံ့နေတာပါ။ 

အနည်းဆုံး လူ ၂၈၃ ယောက် သေဆုံးခဲ့ပြီး ထက်ဝက်ကျော်က မြို့တော်ဒါကာမှာ သေဆုံးခဲ့တာပါ။

ဩဂုတ် ၃ ရက် တရားဝင်ကိန်းဂဏန်းတွေအရ အခုနှစ်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၇,၀၀၀ ကျော် ရှိပါတယ်။  

အာဏာပိုင်တွေဟာ ၆၂,၄၂၃ ယောက် ကူးစက်ခံခဲ့ရတဲ့ ၂၀၀၀ ခုနှစ်ကစပြီး ကိန်းဂဏန်းတွေကို ထိန်းသိမ်းခဲ့ပြီးကတည်းက ၂၀၂၂ ခုနှစ်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၈၁ ယောက် အရေအတွက်ဟာ  စံချိန်တင်များပြားခဲ့တာပါ။

ရောဂါပြန့်ပွားစေတဲ့ အေးဒီးစ် အေဂျစ်ပ်တိုင်း ခြင်အမျိုးအစားတွေဟာ စီးဆင်းမှုမရှိတဲ့ ရေသေထဲမှာ ပေါက်ပွားရှင်သန်ကြတာကြောင့် ဇွန်လကနေ စက်တင်ဘာလအထိ မုတ်သုံရာသီအတွင်း တောင်အာရှနိုင်ငံမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးကို ကုသပေးတဲ့ ဆေးဝါး သို့မဟုတ် ကာကွယ်ဆေး မရှိဘူး လို့ ရိုက်တာစ်မှာ ရေးထားပါတယ်။

ဇွန်လကနေ စက်တင်ဘာလအထိ မုတ်သုံရာသ‌ေကုန်ခါနီးမှာ ရောဂါကူးစက်မှု ပိုမိုဖြစ်ပွားနိုင်တယ် လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013