
စလိုဗေးနီးယားနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ဩဂုတ် ၄ ရက်က မကြုံစဖူး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူ ၂ ယောက်လုံးဟာ သူတို့နိုင်ငံသားတွေဖြစ်ကြောင်း နယ်သာလန်က ပြောပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုတွေ၊ မီးပျက်လို့ ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရပြီး တချို့နေရာတွေမှာ လူတွေကို ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ရပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ရေကြီးနေတဲ့ နေရာတွေဆီ ရောက်ရှိဖို့ ရုန်းကန်ခဲ့ရပြီး မြေပြိုမှုတွေ ကြောင့် လမ်းတွေပိတ်ပြီး သွားလာလို့မရတဲ့နေရာတွေမှာ ရာဘာလှေတွေစီးကြဖို့ ပြည်သူတွေကို တောင်းဆိုထားပါတယ်။
ဆလိုဗေးနီးယားစစ်တပ်ဟာ ကူညီပေးဖို့အသင့်ရှိကြောင်း ပြောကြားထားပြီး အာဏာပိုင်တွေ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြောက်ပိုင်းက ကမ်နစ်ခ်မြို့မှာ ပြည်သူတွေကို အိမ်ထဲမှာ နေကြဖို့ ကာကွယ်ရေးဝန်ကြီး မာဂျန်း ဆရက်ခ်က တောင်းဆိုခဲ့ပါတယ်။
သည်းသည်းမည်းမည်း ရွာသွန်းနေတဲ့မိုးဟာ နောက်ထပ် ၂၄ နာရီ အနည်းဆုံး ကြာမြင့်ဦးမှာဖြစ်ပြီး အိမ်နီးချင်း ခရိုအေးရှားနဲ့ ဘော့စနီးယားကနေ တောင်ဘက်ကို ပျံ့နှံ့သွားဖွယ်ရှိကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်တော်ယာဉ်တွေနဲ့ ကုန်တင်ကားတွေ နစ်မြုပ်တာ၊ မျောပါတာတွေ ဖြစ်ကုန်တဲ့ စကော့ဖှ်ယားလို့ကာမြို့ရှိ သူတို့နေအိမ်ထဲမှာ ပိတ်မိနေသူတွေကိုလည်း ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ရပါတယ်။
မြောက်ပိုင်းရှိ ဒေသဆိုင်ရာ လမ်းတွေအားလုံးနီးပါးနဲ့ မီးရထားလိုင်းတချို့ကိုလည်း ပိတ်ထားခဲ့ရပြီး အိမ်ထောင်စု ၁၆၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
Source-Reuters










