DVB Logo
Home
နိုင်ငံတကာ
အာဏာသိမ်းခံ နိုင်ဂျာနိုင်ငံကို အနောက်အာဖရိကနိုင်ငံများ စစ်ရေးအရ စွက်ဖက်မည်
DVB
·
August 5, 2023
အာဏာသိမ်းခံ နိုင်ဂျာနိုင်ငံကို အနောက်အာဖရိကနိုင်ငံများ စစ်ရေးအရ စွက်ဖက်မည်
Donate to DVB

အနောက်အာဖရိက ကာကွယ်ရေးအကြီးအကဲတွေဟာ နိုင်ဂျာနိုင်ငံက အာဏာသိမ်းမှုကို နောက်ပြန်လှည့်အောင် သူတို့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေးအရဝင်ရောက်စွက်ဖက်မယ့် အစီအစဉ်တခုကို ပြုလုပ်ခဲ့ကြောင်း အနောက်အာဖရိကနိုင်ငံများရဲ့ စီးပွားရေးအသိုက်အဝန်း (ECOWAS) ခေါင်းဆောင် တယောက်က ပြောပါတယ်။ 

သြဂုတ် ၄ ရက်က နိုက်ဂျီးရီးယားနိုင်ငံမြို့တော် အဘူဂျာမှာလုပ်တဲ့ အစည်းအဝေးတခုမှာ ECOWAS ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကော်မရှင်နာ အဗ္ဗဒလ် ဖှာတောက် မူဆာ က ပြောသွားတာဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်က အာဏာသိမ်းမှုကို နောက်ပြန်လှည့်အောင် သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို ဘယ်လိုဘယ်ပုံနဲ့ ဘယ်အချိန်မှာ တပ်ဖြန့်ချထားရမယ် အပါအဝင် အလားအလာရှိတဲ့ အစီအစဉ်တခုကိုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

သူတို့ရဲ့ ECOWAS အဖွဲ့ဟာ စကားတွေချည်းပြောနေပြီး ဘာမှမလုပ်ဆောင်တဲ့အဖွဲ့ မဟုတ်ဘူး ဆိုတာကို နိုက်ဂျာရဲ့ အကြမ်းဖက် စစ်အာဏာသိမ်းခေါင်းဆောင်တွေကို သက်သေပြလိုက်ချင်တယ် လို့ သူတို့က ပြောဆိုကြကြောင်းလည်း သိရပါတယ်။

ဒီမိုကရေစီ စည်းလုံးညီညွတ်မှုဆီကို ဦးတည်သွားနေတဲ့ ဒေသရဲ့လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေမှာမျိုးကို ဘယ်တော့မှ ထပ်အဖြစ် မခံစေဖို့အတွက် နိုင်ဂျာရဲ့ နမူနာကိုပြသဖို့ ပြည်နယ်နဲ့ အစိုးရတွေက ခိုင်မာတဲ့သန္နိဋ္ဌာန်တရပ် ရှိတယ်လို့လည်း အဗ္ဗဒလ် ဖှာတောက် မူဆာ က ပြောပါတယ်။ 

ECOWAS အစုအဖွဲ့ဟာ အာဏာသိမ်းဖို့ ကြံစည်သူတွေကို ဘယ်အချိန် ဘယ်နေရာမှာ တိုက်ခိုက်ဖြစ်မယ် ဆိုတာကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်ကြောင်းလည်း သူက ဆိုပါတယ်။ 

အဲဒါက ဒီစစ်ဆင်ရေးရဲ့ အကြီးအမှူးတွေလို ဖြစ်လာမယ့် နိုင်ငံတွေရဲ့ အကြီးအကဲတွေက ချမှတ် ရမယ့် ဆုံးဖြတ်ချက်ပဲ လို့လည်း ECOWAS ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကော်မရှင်နာ အဗ္ဗဒလ် ဖှာတောက် မူဆာ က ပြောပါတယ်။ 

ECOWAS ဟာ နိုင်ဂျာအပေါ် ပိတ်ဆို့အရေးယူမှုတွေချမှတ်ထားပြီးဖြစ်ပြီး တကယ်လို့ အာဏာသိမ်းခေါင်းဆောင်တွေဟာ ရွေးကောက်ခံသမ္မတ မိုဟာမဒ် ဘာဇိုမ်ကို သြဂုတ် ၆ ရက် တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး အာဏာပြန်မအပ်ဘူးဆိုရင် အင်အားသုံးခွင့် ပြုရမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013