Home
မြန်မာသတင်း
ဖားကန့်တွင်မြေပြိုပြီး ရေမဆေးရှာသူ တဦးသေဆုံး
DVB
·
August 5, 2023
365440725_304469078716666_4762987371221873832_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သြဂုတ် ၄ ရက် ညနေပိုင်းက မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသားတယောက် မျောပါ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မော်မောင်းဘွမ်ကျေးရွာ ကုမ္ပဏီလုပ်ကွက်ထဲမှာ အမျိုးသားယောက်ဟာ မိုးသည်းသည်းထန်ထန်ရွာနေတုန်း ရေမဆေးကျောက်ရှာဖွေနေရင်း မြေစာပုံပြိုကျလို့ မျောပါသွားတာပါ။

ရေမဆေးရှာဖွေသူ ဒေသခံတယောက်က "ညနေ ၄ နာရီလောက်က မိုးအတော်ရွာတယ်။ အဲဒါ ရေမဆေးလာရှာနေတုန်း မြေစာပုံပြိုကျတာ။ ချောင်းထဲမျောပြီး ရေနစ် သေဆုံးသွားတယ်။ အလောင်းကတော့ ပြန်တွေ့တယ်" လို့ ပြောပါတယ်။

သေဆုံးသူအမျိုးသားဟာ အသက် ၄၀ ကျော် အရွယ် ကိုဖိုးချင်းဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ် ကျော်စိမ်းမှော်တွေမှာ မြေစာပုံတွေ မကြာခဏ ပြိုကျတဲ့အတွက် ရေမဆေးကျောက် ရှာဖွေသူတွေ အသက်သေဆုံးတဲ့အထိဖြစ်ကြပြီး ပြီးခဲ့တဲ့  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က မမုံကျေးရွာ ကျောက်စိမ်းလုပ်ကွက်ထဲမှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024