DVB Logo
Home
Lead Story
တရုတ်က မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး ယူဆောင် ပေးနိုင်မလား
DVB
·
August 5, 2023
Donate to DVB

၂၀၂၃ ခုနှစ် မေလက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်တွေဟာ မြန်မာ့နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရှာဖွေနေကြပါတယ်။

၂၀၂၁ ခုနှစ်ထဲက ပျောက်ကွယ်သွားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ပိုမိုအာရုံစိုက်လာတဲ့အတွက် မြန်မာ့စစ်တပ် ခေါင်းဆောင်ပိုင်းရဲ့ မိမိကိုယ်ကိုယ် ဖျက်ဆီးလိုတဲ့ သဘောထားကို အထင်အမြင်သေးမှုတွေ ကြီးထွားလာပြီး တိုးတိုးတိတ်တိတ် ရှုတ်ချနေကြပါပြီ။

အာဆီယံမှာ လေးစားမှုရှိစေရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်းကတော့ သဘောတူညီထားတဲ့ ရလဒ်တွေရရှိဖို့ လက်တွေ့ကျပြီး ကျိုးကြောင်းဆီလျော်တဲ့ အဆင့်တွေကို အာရုံစိုက်ဖို့ဖြစ်ပြီး အခု မြန်မာနိုင်ငံက အချိန်တိုင်း ပျက်ကွက်နေပါတယ်။

ဒီလို ရှုံးနိမ့်မှုတွေဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက အနီးကပ် စောင့်ကြည့်နေတဲ့ တရုတ်ခေါင်းဆောင်တွေအတွက်လည်း ပြဿနာတရပ် ဖြစ်လာပါတယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ တည်ထောင်ခြင်းနဲ့ လေ့လာသုံးသပ်သူတွေဟာ အရှေ့တောင်အာရှတလွှား အနာဂတ်အခြေအနေတွေ၊ အခွင့်အလမ်းတွေနဲ့ အန္တရာယ်တွေအကြောင်း လေးလေးနက်နက် စဉ်းစားနေကြပါပြီ။

မြန်မာနိုင်ငံမှာ ယခင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရာထူးကနေ ဖယ်ရှားခံရတဲ့ အစိုးရဟာ တရုတ်နိုင်ငံရဲ့ ဒေသတွင်း ရည်မှန်းချက်တွေအတွက် အဓိက အသုံးဝင်တဲ့ မိတ်ဖက်တဦး ဖြစ်တာကို မေ့မထားသင့်ပါဘူး။ အာဏာသိမ်းမှုဟာ အကူအညီမဖြစ်နိုင်တဲ့ နောက်ဆက်တွဲအဖြစ် စီရင်ချက်ချခံရဖွယ် ရှိနေပါတယ်။

အိန္ဒိယသမုဒ္ဒရာသို့ မဟာဗျူဟာမြောက် ဝင်ရောက်မှု

တရုတ် မဟာဗျူဟာသမား‌တွေအတွက် အဓိကထည့်သွင်းစဉ်းစားဖို့က အိန္ဒိယသမုဒ္ဒရာကို ဝင်ရောက်ဖို့ ဖြစ်ပါတယ်။ ဒီလိုဝင်ရောက်မှုဟာ ၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံက သဘာဝဓာတ်ငွေ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ကို ရခိုင်ပြည်နယ် ကမ်းရိုးတန်းကနေ မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံ တောင်တန်းများပေါ်ရှိ ရှမ်းပြည်နယ်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ တင်သွင်းနိုင်ခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်က ဆိပ်ကမ်းတွေဆီကို တရုတ်နိုင်ငံအတွက် အဖိုးတန်တဲ့ “တံခါးပေါက်” ကို မြန်မာနိုင်ငံက ဝင်ရောက်ခွင့်ပေးမယ့်အပြင် ဘင်္ဂလားပင်လယ်အော်က ချစ်ကြည်ရေးဆိပ်ကမ်းတွေကိုလည်း ဝင်ရောက်ခွင့် ပေးနိုင်ပါတယ်။

ဒီလို အခြေအနေတွေကို တွေးတောထားခြင်းအားဖြင့် မြန်မာ-တရုတ် ဆက်ဆံရေးရဲ့ စီးပွားရေး ဆက်စပ်မှုတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအင်းအရ မြန်မာနိုင်ငံရဲ့ အမည်ခံ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) ဟာ အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံ (တဦးချင်း အမေရိကန်ဒေါ်လာ ၁,၂၀၀) ရှိပြီး တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၃ ထရီလျံ (တဦးချင်း အမေရိကန်ဒေါ်လာ ၁၂,၂၀၀) ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဟာ မြန်မာနဲ့ ပထဝီဝင်ယဉ်ကျေးမှု တူညီတာတွေ အများအပြားရှိတဲ့ အိမ်နီးချင်းဖြစ်ပြီး တနှစ်ကို GDP အမေရိကန်ဒေါ်လာ ၄၃၀ ဘီလီယံခန့် ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံထက် ၆ ဆကျော် ကြီးမားပြီး တဦးချင်းအလိုက် ၉ ဆခန့် ပိုများပါတယ်။

ကြွယ်ဝချမ်းသာမှု ကွာခြားမှုဟာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒီလို ကြွယ်ဝချမ်းသာမှုတွေ မယုံနိုင်လောက်အောင် ကွာဟမှုနဲ့အတူ မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးဟာ ပုံမှန်အားဖြင့် အစွန်အဖျား ပြဿနာတခုသာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအရ အောင်မြင်တဲ့ တရုတ်လူနည်းစုအပေါ် ပြည်တွင်းက မကျေနပ်မှုတွေ လျှင်မြန်စွာ လောင်ကျွမ်းသွားနိုင်ပါတယ်။

ရာစုနှစ်တွေတလျှောက် အရှေ့တောင်အာရှတဝိုက်မှာ အပြန်အလှန် အကျိုးရှိစေမယ့် ဆက်ဆံရေး တည်ဆောက်ဖို့က တရုတ်သံတမန်တွေအတွက် ဘဝရဲ့အမှန်တရားတခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာ့အာဏာသိမ်း အစိုးရတပ်ဖွဲ့တွေဆီကို လက်နက်နဲ့ လေ့ကျင့်ရေးတွေ သိသိသာသာ ပံ့ပိုးပေးနေတဲ့အပြင် တိုင်းရင်းသားတပ်အချို့ကိုလည်း အမြတ်အစွန်းနဲ့ ပြဿနာဖြစ်စေတဲ့ နည်းလမ်းတွေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ရောထွေးနေပါတယ်။

သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ တရုတ်သံတမန်ဆက်ဆံရေးဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ သူ့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လှုပ်ရှားမှုတွေအတွက် အရှိန်အဟုန် မရရှိသေးပါဘူး။ အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့ပြီး အာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့ဆုံတဲ့ တရုတ်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးအရာရှိ ဖြစ်လာခဲ့ပါတယ်။

မကြာခင် ပိုမိုအဆင့်မြင့်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ဖြစ်လာနိုင်တာနဲ့အမျှ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ ရလဒ်တွေကို ဘယ်လိုအားပေးနိုင်သလဲဆိုတဲ့ မေးခွန်းတွေဟာ သူ့ရဲ့ အဓိက အကျိုးစီးပွားအပေါ် အာရုံစိုက်ဖို့ လိုအပ်လာပါတယ်။ အာဏာမသိမ်းခင်အချိန်အထိ မြန်မာ့စီးပွားရေး တိုးတက်မှုဟာ သာလွန်ကောင်းမွန်နေပေမဲ့ အာဏာသိမ်းခေါင်းဆောင်တွေဟာ အာဆီယံမှာတောင် အဖော်မဲ့ပြီး မထီမဲ့မြင်ပြုနေကြတဲ့ အချက်က မတူညီတဲ့ သဘောထားကို ပေးစွမ်းပါတယ်။

တရုတ်၏ လုပ်ဆောင်မှုသင်တန်း

အခုအချိန်မှာ တရုတ်နိုင်ငံဟာ နာယကကြီးအဖြစ် သူ့ရဲ့တာဝန်ကို မြှင့်တင်ဖို့အတွက် တိုက်ခိုက်ရေးလေယာဉ်တွေ၊ လက်နက်ကြီးတွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ နည်းပညာ ပစ္စည်းတွေကို အဆက်မပြတ် ထောက်ပံ့ပေးနေရတဲ့ မြန်မာစစ်တပ်ရဲ့ လိုအပ်ချက်ကို အသုံးချနိုင်ပြီ ဖြစ်ပါတယ်။ ရုရှားဟာ ရှေးယခင်ကတည်းက အလားတူချဉ်းကပ်မှုမျိုး ပြုလုပ်ခဲ့ပါတယ်။ ပေဂျင်းနဲ့ မော်စကိုအတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာစနစ်ရဲ့ အပြင်ဘက်အစွန်းကို တွန်းပို့ခံနေရပါတယ်။

တရုတ်ရဲ့ ရေတိုမဟာဗျူဟာက ဘယ်လိုပဲဖြစ်စေ အာဆီယံမှာ တရုတ်ရဲ့ ရပ်တည်မှုကိုသာမက သြစတြေးလျလို နိုင်ငံတွေမှာတောင် သူ့ရဲ့ ကြွယ်ဝမှုနဲ့ သြဇာလွှမ်းမိုးမှုကို မြန်မာနိုင်ငံအတွက် အကျိုးဆောင်ဖို့ တီထွင်ဖန်တီးမှုရှိမယ်ဆိုရင် ဒါဟာ မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို အကျိုးဆောင်ပေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့အကျိုးအမြတ်များတဲ့ လက်နက်တင်ပို့မှုကတဆင့် အရှေ့တောင်အာရှမှာ အစဉ်အဆက် မြင်တွေ့နေရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုအချို့ကို လှုံ့ဆော်ပေးနေတဲ့ အချိန်မှာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေပြီး နင်းပြားအခြေအနေကို ဆက်လက် ခြယ်လှယ်နေမှာကိုတော့ စိုးရိမ်နေရပါတယ်။

တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ကိုယ်ကျိုးစီးပွားတွေကို မှန်ကန်စွာ အာရုံစူးစိုက်ပြီး တရုတ်အဖွဲ့အစည်းတွေဟာ ပိုမိုငြိမ်းချမ်းတဲ့ ပြေလည်မှုရအောင် စေ့စပ်ညှိနှိုင်းနည်းကို နောက်ဆုံးမှာ လုပ်ဆောင်နိုင်ပါတယ်။ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ပဋိပက္ခဇုန်တွေမှာ ငြိမ်းချမ်းရေးအကြောင်း တရုတ်က ပုံမှန်ပြောနေတဲ့အချိန်မှာ မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေကို အားလုံးက ကြိုဆိုပါတယ်။

နစ်ကိုးလပ်စ်ဖှာရယ်လီ

ဘာသာပြန်သူ- လီလီ

( စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနမှာ  ဆောင်းပါးရှင် ပါမောက္ခ Nicholas Farrelly  ရေးသားဖော်ပြထားတဲ့ "Can China help bring peace to Myanmar?" ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါတယ်။ ဆောင်းပါးရှင် ပါမောက္ခ Nicholas Farrelly ဟာ တက်စ်မေးနီးယားတက္ကသိုလ် လူမှုရေးသိပ္ပံပညာဌာနမှူးလည်း ဖြစ်ပါတယ်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013