DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းရေဘေးအတွက် တရုတ်က  ဆန်အိတ် ၃,၀၀၀ ကျော် လှူဒါန်း
DVB
·
October 3, 2026
Photo : MRTV
Photo : MRTV
Donate to DVB

မန္တလေးတိုင်းက ရေဘေးသင့်သူတွေကိုကူညီဖို့ တရုတ်နိုင်ငံက  ဆန်အိတ် ၃,၀၀၀ ကျော် လှူဒါန်း တယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

အာဆီယံ+၃ အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅) အရ အောက်တိုဘာ ၂ ရက် မှာ လှူဒါန်းတာလို့ ဆိုပါတယ်။

ဆန် ၁၆၃ ဒသမ ၈၇၇ တန် (၃,၂၇၇ အိတ်)ကို မန္တလေးတိုင်း၊ စိုက်ပျိုးရေးဦးစီးဌာနကတဆင့် စစ်အာဏာရှင်ရဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့ထံဆီကို လွှဲပြောင်းပေးတယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။

လွှဲပြောင်းပေးအပ်ပွဲမှာ APTERR အတွင်းရေးမှူးချုပ်ရုံးက အထွေထွေမန်နေဂျာလည်း တက်ရောက်ပြီး တိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ဆီကို စိုက်ပျိုးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် က၊ APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာက ရေဘေးသင့် ပြည်သူ တယောက် ဆီကို ဆန်တွေ လွှဲပြောင်းပေးတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၁ ရက်ကနေ ဩဂုတ် ၁၁ ရက်အထိ မြန်မာပြည်တွင်း တိုင်းနဲ့ ပြည်နယ် ၅ ခုက မြို့နယ် ၄၁ မြို့နယ်မှာ ရေကြီး၊ ရေလျှံပြီး လူပေါင်း ၁၃ သိန်းကျော် ရေးဘေးသင့်ခဲ့တယ်လို့ မြန်မာ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းက မြို့နယ် ၄၁ ခုမှာ ရေဘေးဒဏ်သင့်ခဲ့ကြရသလို ဇူလိုင်လအစောပိုင်းက ကရင်၊ မွန်နဲ့ ဩဂုတ်လအစောပိုင်းမှာ နေပြည်တော်၊ ရှမ်း၊ ကချင်ဒေသတွေမှာ ရေကြီးရေလျှံမှုတချို့ ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းမှာတော့ လူပေါင်း ၁၈၄,၀၀၀ လောက် ရေဘေးသင့်တယ်လို့ ရှိနိုင်တယ်လို့ ISP-Myanmar က ခန့်မှန်း ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် ကိုရီးယားနိုင်ငံက မြန်မာကို ဆန်တန်ချိန် ၃,၀၀၀ ပေးခဲ့ပါသေးတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013