DVB Logo
Home
မြန်မာသတင်း
အရှေ့တောင်အာရှဒေသအတွင်း တရုတ်နှင့် အမေရိကန်၏ စစ်စခန်းများ (Infographic)
DVB
·
October 1, 2026
အရှေ့တောင်အာရှဒေသအတွင်း တရုတ်နှင့် အမေရိကန်၏ စစ်စခန်းများ (Infographic)
Donate to DVB

အရှေ့တောင်အာရှဟာ လက်ရှိမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ စစ်ရေးအရ ပိုပြီး လှုပ်ရှားလာတဲ့ ဒေသတခု ဖြစ်လာနေပါတယ်။

ဒီဒေသမှာ အမေရိကန်ဘက်က စစ်ရေးဆိုင်ရာစခန်းနဲ့ တည်နေရာ ၁၀ ခုအထိ ရှိနေပြီး တရုတ်ဘက်ကလည်း သူ့ရဲ့ စစ်ရေးတည်ရှိမှုကို တဖြည်းဖြည်း တိုးချဲ့လာနေပါတယ်။

နောက်ဆုံး စစ်ရေးတိုးချဲ့မှုအနေနဲ့ လာအိုနိုင်ငံက ဘန်ကွန်လေဆိပ်မှာ တရုတ်-လာအို ချစ်ကြည်ရေး လေကြောင်းအကယ်ဒမီနဲ့ တရုတ်-လာအို ပူးတွဲထောက်ပံ့ရေးနဲ့ လေ့ကျင့်ရေးစခန်းတို့ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလကလည်း တရုတ်က ကမ္ဘောဒီးယားနိုင်ငံ ရင်မ် ရေတပ်အခြေစိုက်စခန်းမှာ ၂ နိုင်ငံ ရေတပ် ပူးတွဲလေ့ကျင့်ရေးနဲ့ ထောက်ပံ့ရေးစခန်းတခု ဖွင့်လှစ်ခဲ့ပါသေးတယ်။

ကမ္ဘောဒီးယားအစိုးရဘက်ကတော့ အဆိုပါ ရေတပ်စခန်းဟာ ကမ္ဘောဒီးယားရဲ့ အချုပ်အခြာအာဏာ အောက်မှာသာ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်အနေနဲ့ ၂၀၁၄ ခုနှစ်က ဖိလစ်ပိုင်နဲ့ ချုပ်ဆိုခဲ့တဲ့ ကာကွယ်ရေးသဘောတူညီချက်အရ ဖိလစ်ပိုင်ရဲ့ စစ်အခြေစိုက်စခန်း ၅ ခုကို အသုံးပြုခွင့်ရထားပြီး နောက်ပိုင်းမှာ နောက်ထပ် ၄ ခုအထိ တိုးချဲ့ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ အမေရိကန်တို့ရဲ့ ပထဝီနိုင်ငံရေး၊ စစ်ရေး အားပြိုင်မှုတွေဟာ ဒေသတွင်း နိုင်ငံတွေကိုလည်း တိုက်ရိုက် သက်ရောက်စေပြီး ဒီလို စစ်ရေးဆိုင်ရာ တည်နေရာတွေ တိုးလာတာကလည်း အဲဒီအခြေအနေကို ပိုမိုထင်ရှားစေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013