DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်၊ မြေနိမ့်ပိုင်းက လူနေအိမ်အချို့ ရေနစ်မြုပ်
DVB
·
August 4, 2023
ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်၊ မြေနိမ့်ပိုင်းက လူနေအိမ်အချို့ ရေနစ်မြုပ်
1 / 7
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတာ၊ တောင်ကျချောင်းရေတွေနဲ့ သံလွင်မြစ်ရေဟာ စိုးရိမ်အမှတ်အထက် ကျော်လွန်ရောက်ရှိနေတဲ့အပြင် သံလွင်မြစ်ရေ တိုးလာတဲ့အတွက် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်ပြီး လူနေအိမ်တချို့ ရေနစ်မြုပ်တာတွေ ရှိတယ်လို့ ဘားအံမြို့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

သြဂုတ် ၄ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၈၀၉ စင်တီမီတာကို ရောက်ရှိကာ စိုးရိမ်အမှတ်ရဲ့အထက် ၂၅ စင်တီမီတာကို ရောက်နေပြီး ဖြစ်ပါတယ်။

သံလွင်မြစ်ရေ တိုးလာတဲ့အတွက် ဘားအံမြို့ရဲ့ မြေအနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၂ ရပ်ကွက်က ဆယ်အိမ်စု၊ ဆယ်ပေလမ်း၊ ကိုင်တောနဲ့ အမှတ် ၅ ရပ်ကွက်အတွင်းက အနိမ့်ပိုင်း နေရာတွေကို ရေစတင်ဝင်ရောက်နေပြီလို့ ဘားအံမြို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

“ရေကြီးတာတော့ ဘာမှ ထူးထူးခြားခြား မရှိသေးပါဘူး။ ကယ်ဆယ်ရေစခန်းတွေ ဖွင့်တာ မရှိသေးဘူး။ နှစ်စဉ်ဝင်ရောက်တဲ့ အနိမ့်ပိုင်းတွေတော့ ရေဝင်ရောက်တာတော့ ရှိတာပေါ့။ အမှတ် ၂ တို့ အမှတ် ၅ တို့ ဆယ်အိမ်စုတို့ ဒီလောက်ပါပဲ။ ဒါကတော့ ရေရောက်တယ်ဆိုတာနဲ့ ရေမြုပ်တဲ့နေရာတွေ။”

မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေ ထပ်မံတိုးလာပါက မြေနိမ့်ပိုင်းကနေအိမ်ကို ရွှေယဉ်မျှော်ဘုရား၊ မိုးလုံလေလုံအားကစားရုံနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ပြောင်းရွှေ့နေရာချထားဖို့ တာဝန်ရှိသူတွေ စီစဉ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဘားအံမြို့ရဲ့အလှကို မြင်နိုင်တဲ့ ကြာအင်းတောင်တက် ကားလမ်းပိုင်းတချို့ ရေတိုက်စားပြီး ပျက်စီးခဲ့ပါတယ်။

အလားတူ ထိုင်း-မြန်မာနယ်စပ်က သောင်ရင်းမြစ် စိုးရိမ်ရေဟာ အမှတ် ၉၆၃ စင်တီမီတာအထက် ၁၀၅၈ စင်တီမီတာရောက်ရှိကာ စိုးရိမ်ရေအမှတ်ရဲ့ ၂၁၁ စင်တီမီတာကို ရောက်ရှိနေပြီးဖြစ်တဲ့အတွက် မြေနိမ့်မှာနေထိုင်တဲ့ နေအိမ်တချို့ ရေနစ်မြုပ်တာတွေကြောင့် မြေအမြင့်ပိုင်းနေရာတွေကို ယာယီပြောင်းရွှေ့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013