ဩဂုတ် ၁၄ ရက်က ယှဉ်ပြိုင်သွားတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု (H) နောက်ဆုံးပွဲစဉ်တွေမှာ နာမည်ကြီး ဂျာမနီအသင်းက တောင်ကိုရီးယားနဲ့ သရေကျပြီး အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။
ဂျာမနီအသင်းဟာ တောင်ကိုရီးယားအသင်းနဲ့ တဂိုးစီ သရေကျကာ အုပ်စုတွင်းမှာ ၄ မှတ်ရပြီး အုပ်စု တတိယနဲ့ ထွက်ခဲ့ရတာပါ။
အုပ်စုတွင်းမှာ မော်ရိုကိုအသင်းက ကိုလံဘီယာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလို့ ၆ မှတ်နဲ့ အုပ်စု ဒုတိယရပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းသွားပါတယ်။
အုပ်စု (H) မှာ ကိုလံဘီယာက ၆ မှတ်၊ အုပ်စုဗိုလ်နဲ့ မိုရိုကိုကလည်း ၆ မှတ်နဲ့ အုပ်စု ဒုတိယရပြီး နောက်တဆင့်ကို တက်လှမ်းသွားပါတယ်။
တောင်ကိုရီးယားကတော့ အုပ်စုတွင်းမှာ နိုင်ပွဲမရှိ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွေကို ဩဂုတ် ၅ ရက်မှာ ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Photo- FIFA / Source-Reuters