DVB Logo
Home
အားကစား
အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် နာမည်ကြီး ဂျာမနီ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
DVB
·
August 4, 2023
Donate to DVB

ဩဂုတ် ၁၄ ရက်က ယှဉ်ပြိုင်သွားတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ  အုပ်စု (H) နောက်ဆုံးပွဲစဉ်တွေမှာ နာမည်ကြီး ဂျာမနီအသင်းက တောင်ကိုရီးယားနဲ့ သရေကျပြီး အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

ဂျာမနီအသင်းဟာ တောင်ကိုရီးယားအသင်းနဲ့ တဂိုးစီ သရေကျကာ အုပ်စုတွင်းမှာ ၄ မှတ်ရပြီး အုပ်စု တတိယနဲ့ ထွက်ခဲ့ရတာပါ။

အုပ်စုတွင်းမှာ မော်ရိုကိုအသင်းက ကိုလံဘီယာကို ၁ ဂိုး  ဂိုးမရှိနဲ့ အနိုင်ရလို့ ၆ မှတ်နဲ့ အုပ်စု ဒုတိယရပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းသွားပါတယ်။

အုပ်စု (H) မှာ ကိုလံဘီယာက ၆ မှတ်၊ အုပ်စုဗိုလ်နဲ့ မိုရိုကိုကလည်း ၆ မှတ်နဲ့ အုပ်စု ဒုတိယရပြီး နောက်တဆင့်ကို တက်လှမ်းသွားပါတယ်။

တောင်ကိုရီးယားကတော့ အုပ်စုတွင်းမှာ နိုင်ပွဲမရှိ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။

ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွေကို ဩဂုတ် ၅ ရက်မှာ  ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Photo- FIFA / Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013