DVB Logo
Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကျည်ကြောင့် ၁၀ တန်းကျောင်းသားအပါအဝင် ၂ ဦး သေဆုံး
DVB
·
August 3, 2023
စစ်တပ်လက်နက်ကြီးကျည်ကြောင့် ၁၀ တန်းကျောင်းသားအပါအဝင် ၂ ဦး သေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် တပ်မဟာ (၃) နယ်မြေထဲမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်တွေရဲ့ လက်နက်ကြီးကျည်ထိမှန်ကာ ဆယ်တန်းကျောင်းသားတယောက် အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက် ညနေ ၃ နာရီခွဲကျော်လောက်က တပ်မဟာ (၃) နယ်မြေ မူးမြို့နယ်ထဲမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ−၅၉၉ က တုံးတောကနေ ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာတွေထဲကို ၈၁−မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ၁ လုံးဟာ မွေတွင်းကျေးရွာထဲက နေအိမ်တလုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ တာကြောင့် နေအိမ်အတွင်းနေထိုင်တဲ့ အသက် ၇၁ နှစ်အရွယ် ဦးတင်ဦး၊ ၃၉ နှစ်အရွယ် မဇင်မာဝင်းနဲ့ ၆ နှစ်အရွယ် ချစ်ဖုန်းသွယ်တို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ၃၇ နှစ်အရွယ် မသီတာအေးကတော့ လက်နက်ကြီးဒဏ်ရာကြောင့် နေရာတင်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၃ ရက်မနက် ၈ နာရီခွဲမှာလည်း လယ်ဒိုမြို့နယ်ထဲမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၂၇၄ က ကျောက်တံခါးမြို့ကနေ သမင်အင်းကုန်း ကျေေရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား ပိုင်စိုးသူရဲ့ ဦးခေါင်းကို လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခဲ့ရတယ်လို့  ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်းအကြိမ် ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ် ကောင်စီတပ်တွေဘက်က တပ်ရင်းမှူး ၅ ယောက်၊ ဒုရင်းမှူး ၅ ယောက်တို့အပါအဝင် စုစုပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ KNLA နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲတွေအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇၆ ယောက် ကျဆုံးခဲ့ပြီးတော့ ၂၅၇ ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကေအန်ယူနယ်မြေထဲမှာတော့ တိုက်ပွဲတွေ နေ့စဉ်မပြတ် ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးထိ ရှိလာခဲ့ကာ မိုးရာသီဖြစ်တာကြောင့် နေရာထိုင်ခင်းအတွက် အမိုးအကာတွေ၊ စားနပ်ရိက္ခာ မလုံလောက်မှု  အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့  ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013