DVB Logo
Home
မြန်မာသတင်း
၂ နှစ်ခွဲခန့်အတွင်း စစ်အုပ်စု သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃၈၈၀ ခန့်ထိ မြင့်တက်
DVB
·
August 3, 2023
၂ နှစ်ခွဲခန့်အတွင်း စစ်အုပ်စု သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃၈၈၀ ခန့်ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၈၇၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၁၅၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၈၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၉၄၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၄၇၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ဒုတိယဝါဆိုလပြည့် ဒီကနေ့မှာ နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား ၇,၇၄၉ ယောက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) နဲ့ လွှတ်ပေး ခဲ့ကြောင်း ကြေညာခဲ့ပြီး အေအေပီပီအနေနဲ့ ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီအထိ ကိန်းဂဏန်းတွေအရ အယောက် ၂၁၀ ဝန်းကျင်ကို အတည်ပြုနိုင်ခဲ့ပြီး ၈၂ ယောက် ကိုသာ အမည်နဲ့တကွ အတည်ပြုနိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင် ၁ လတာအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂၇ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၁၂ ယောက်နဲ့ သေဆုံးမှု အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဇူလိုင် ၂၉ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူ ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် ၂ လုံး ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် မထက်အိ သေဆုံး ခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်တလအတွင်း နိုင်ငံတဝန်း ထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ ၄၅ ယောက် ရှိပြီး စစ်ကိုင်းတိုင်းမှာ ၃ ယောက်နဲ့ သေဆုံးမှု အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂၁ ရက်မနက် ၂ နာရီလောက်ကလည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်ချောင်းကျေးရွာကို အင်အား ၁၀၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စု စစ် ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၁၈ နှစ်အောက် လူငယ် ၄ ယောက်အပါအဝင် အရပ်သား ၈ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင် ၆ ယောက်၊ စုစု ပေါင်း ၁၄ ယောက်ကို ဖမ်းဆီးပြီးတော့ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ညှဉ်းပန်းနှိပ်စက် ပစ်ခတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို စုန် ချောင်းကျေးရွာအတွင်းနဲ့ ကျေးရွာအနီးနားမှာ တွေ့ရှိခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေ ပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေ ဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013