DVB Logo
Home
မြန်မာသတင်း
ဆန်ဈေးထိန်းနိုင်ရန် ဧည့်မထဆန်တအိတ် ၆ သောင်းအောက်ဖြင့် ဆန်စပါးအသင်းချုပ် ရောင်းပေး မည်
DVB
·
August 3, 2023
ဆန်ဈေးထိန်းနိုင်ရန် ဧည့်မထဆန်တအိတ် ၆ သောင်းအောက်ဖြင့် ဆန်စပါးအသင်းချုပ် ရောင်းပေး မည်
Donate to DVB

ဆန်စျေးနှုန်း တည်ငြိမ်စေဖို့အတွက် အရန်ဆန်အဖြစ် စုဆောင်းထားတဲ့ ဧည့်မထဆန်တွေကို ၁ အိတ်ကို ကျပ် ၆ သောင်းထက်မပိုတဲ့ ဈေးနှုန်းနဲ့ စတင်ထုတ်ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။

၂၅ ရာခိုင်နှုန်းအဆင့် ဧည့်မထဆန် အိတ်ရေ ငါးသောင်းကို စျေးကွက်ပေါက်စျေးအောက်စျေးနှုန်းနဲ့ စက်မှုဇုန်တွေက အခြေခံ အလုပ်သမား မိသားစုတွေ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းတွေနဲ့ လုပ်သားပြည်သူတွေကို ဆန်ကုန်စည်ဒိုင်တွေ၊ စည်ပင်သာယာဈေး အရောင်းဆိုင်တွေက တဆင့် ရောင်းချပေးသွားဖို့ စီစဉ်နေတယ်လို့ အသင်းချုပ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ပေါက်စျေးအောက်နဲ့ ရောင်းပေးမယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် ပြီးစလွယ် မလုပ်ဖို့တော့လိုတယ်။ မဟုတ်ရင် တက်နိုင်တဲ့သူတွေကပဲ ဝယ်လှောင်ထားကြမှာ။ သာမန်ပြည်သူ လက်ထဲရောက်မှာ မဟုတ်ဘူး” လို့ ဆန်ကုန်သည်တဦးက မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းရဲ့ နေ့စဉ်ဆန်စျေးနှုန်းစာရင်းအရ သြဂုတ် ၃ ရက်နေ့မှာ ၂၅ ရာခိုင်နှုန်းအဆင့် ဧည့်မထဆန်ကြမ်းတအိတ်ကို ကျပ် ငါးသောင်းရှစ်ထောင်ကနေ ကျပ်ခြောက်သောင်းအကြား ပေါက်ဈေး ရှိနေပါတယ်။

အခုလို အရန်ဆန်တွေထုတ်ရောင်းပြီး ဆန်ဈေးနှုန်းမြင့်တက်တာကိုထိန်းဖို့ ဆန်စပါးအသင်းချုပ်က လုပ်နေပေမယ့် ဝါးတန်း ကုန်စည်ဒိုင်မှာ ရွှေဘိုပေါ်ဆန်း အပါအဝင် ဆန်ချောနဲ့ ဆန်ကြမ်းစျေးနှုန်းတွေ တပတ်အတွင်း တအိတ်ကို ကျပ် ၃၀၀၀ ကနေ ၁၃၀၀၀ ကျပ်ထိ စျေးထပ်မံမြင့်တက်လာပါတယ်။

နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ဆန်ကြမ်း၊ ဆန်ချောစျေးနှုန်းတွေ အားလုံးနီးပါး မြင့်တက် လာတာဖြစ်ပေမယ့် ရွှေဘိုပေါ်ဆန်းကတော့ ပစ္စည်းရှားပါးနေတာကြောင့် တအိတ်ကို ၁၃၀၀၀ ကျပ်အထိ တပတ်အတွင်း မြင့်တက်လာပါတယ်။

သြဂုတ် ၃ ရက်နေ့ ဝါးတန်းကုန်စည်ဒိုင် စျေးကွက် ပေါက်စျေးအရ ရွှေဘိုပေါ်ဆန်း တအိတ်ကို ၁၁၂၀၀၀ ကနေ ၁၃၀၀၀၀ ကျပ် စျေးရှိပြီး အရင်တပတ်ထက် တအိတ်ကို ၁၃၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းက ၉၈၀၀၀ ကနေ ၁၀၀၀၀၀ ကျပ် စျေးရှိပြီး ၃၀၀၀ ကျပ်၊ ဆန်ကြမ်းဖြစ်တဲ့ ရက် ၉၀ ဆန်က တအိတ်ကို ၇၃၀၀၀ ကနေ ၈၀၀၀၀ ကျပ်ရှိပြီး အရင်တပတ်ထက် ၂၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ် အသီးသီး မြင့်တက်လာတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013