Home
မြန်မာသတင်း
ပတ္တရားတွင် သေနတ်ပြခြိမ်းခြောက်သည့်ပုံစံ အပျော်တမ်းဗွီဒီယိုရိုက်ခဲ့သည့် မြန်မာ  ၂ ဦး ဖမ်းဆီးခံရ
DVB
·
August 3, 2023

ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေ ဗျူးပွိုင့်ရှိ ဆွာသော်ရို ၅ ဟိုတယ်မှာ သေနတ်ပြ ခြိမ်းခြောက်ကာ ခရီးသွား ၁ဝ ဦးထက်မနည်းကို မြေပြင်မှာ ဒူးထောက်ထိုင်ခိုင်းထားတဲ့ စက္ကန့် ၂ဝ ရှိ ဗွီဒီယိုတစ်ခုဟာ ခဏချင်း ထိုင်းနိုင်ငံတဝန်းက ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့လို့ ပတ္တရားရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ ကြိုးစားရာမှာ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာမှာ ဖော်ပြပါတယ်။

သြဂုတ်လ ၂ ရက်နေ့က ဒီဖြစ်စဥ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗွီဒီယိုထဲမှာ နိုင်ငံခြားသားလို့ ယူဆရတဲ့ အနက်ရောင်အင်္ကျီဝတ် အမျိုးသား ၁ ဦးက လက်ထဲမှာ ပစ္စတိုလို့ ယူဆရတဲ့ သေနတ်ကိုင်ဆောင်ကာ ခရီးသွား အမျိုးသား ၁ဝ ယောက်လောက်ကို ခြိမ်းခြောက်နေခဲ့လို့ ရဲတွေက အပူတပြင်း ရှာဖွေရာကနေ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိသူတွေက မြန်မာနိုင်ငံသား အပန်းဖြေခရီးလာရောက်သူတွေဖြစ်ပြီး အသက် ၂၂ ကနေ ၂၅ နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေလို့ ဖော်ပြထားကာ စစ်ဆေးရာမှာတော့ ကစားစရာသေနတ်ကို လက်ဝယ်ဖမ်းဆီးရမိခဲ့ပြီး အပျော်တမ်း ဗွီဒီယိုရုပ်သံရိုက်ကူးတာလို့ ဆိုပါတယ်။

ဒီရုပ်သံ ထွက်ပေါ်ခဲ့တာကြောင့် ပတ္တရားရဲတပ်ဖွဲ့ကရဲချုပ် သနဖောင်ဖိုသီ ဦးစီးတဲ့ ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံက နာမည်ကြီး အပန်းဖြေကမ်းခြေနေရာမှာ သေနတ်ပြ ငွေညှစ်မှု ကျူးလွန်တယ်လို့ ယူဆခဲ့ပြီး အပူတပြင်းကြိုးစားခဲ့ရတာလို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ လူထု အထိတ်တလန့်ဖြစ်စေမယ့် အပျော်တမ်းရုပ်သံ ရိုက်ကူးခဲ့သူ မြန်မာနိုင်ငံသား နှစ်ယောက်ကို ဖမ်းဆီးထားပြီး ဘယ်လို အပြစ်ဒဏ်မျိုးပေးသွားမယ် ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။

Source - The Nation

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024