
တိုက်စစ်မှူး မက်ဆီ ရရှိထားတဲ့ ကြွက်သားဒဏ်ရာကနေ ပြန်လည် သက်သာလာလို့ အယ်လ်ဂျီးရီးယားနဲ့ ကစားမဲ့ အုပ်စုအဖွင့်ပွဲမှာ ပါဝင်လာဖို့ ရှိတယ်လို့ အာဂျင်တီးနားနည်းပြ လီယွန်နယ် စကာလိုနီက ဇွန် ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပွဲစဉ်တွေအတွက် နောက်ဆုံး လေ့ကျင့်ပြင်ဆင်မှုတွေကို အမေရိကန်နိုင်ငံ၊ ကန်းဆပ်စ်ပြည်နယ်၊ ကန်းဆပ်စ်မြို့မှာ ပြုလုပ်သွားပါတယ်။
အသက် ၃၈ နှစ်အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စံချိန်တင် ၆ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (J) မှာပါတဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းဟာ အခု ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။
အာဂျင်တီးနားနဲ့ အယ်လ်ဂျီးရီးယားအသင်းတို့ဟာ ဇွန် ၁၆ ရက်မှာ ကန်းဆပ်စ်မြို့ ကစားရမှာဖြစ်ပြီး သူတို့အုပ်စုမှာ ဩစတြီးယားနဲ့ ဂျော်ဒန်အသင်းတို့လည်း ပါဝင်နေပါတယ်။
Photo:Reuters










