DVB Logo
Home
မြန်မာသတင်း
၂ ပတ်အတွင်း လူ ၂၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေး၊ ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၁ ဒသမ ၉ သန်းကျော်လာ
DVB
·
August 3, 2023
၂ ပတ်အတွင်း လူ ၂၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေး၊ ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၁ ဒသမ ၉ သန်းကျော်လာ
Donate to DVB

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း မြန်မာနိုင်ငံ အရှေ့တောင်ဘက်မှာ လူပေါင်း ၂၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ နိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီအထဲက လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ကြရသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက ပြောပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက် စစ်အုပ်စုနဲ့ လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံကြားက ပဋိပက္ခတွေဟာ နိုင်ငံရဲ့ အရှေ့တောင်၊ အရှေ့မြောက်နဲ့ အနောက်မြောက်ဘက်ပိုင်းတွေမှာ ဆက်လက်ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ထပ်မံဖြစ်နေသလို လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ များပြားနေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က နမ့်ဆမ်ယန်ကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်အထိ ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်ကျေးရွာတွေက လူပေါင်း ၇၀၀ ကျော်ဟာ ဘေးကင်းရာနေရာတွေကို ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းယိုယွင်းနေခဲ့တာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ စစ်အုပ်စုက အရေးပေါ်ကာလ သက်တမ်းထပ်တိုးလိုက်ပြီး ဒီအခြေအနေအပေါ် ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ကနေဒါနိုင်ငံတွေက ပြင်းထန်စွာ စိုးရိမ်ပူပန်မိတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

စစ်အုပ်စုက အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် ရွေးကောက်ပွဲတွေ ကြန့်ကြာနေတာကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုဆီ အမြန်ဆုံး ပြန်လည် ရောက်ရှိလာစေဖို့လည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013