DVB Logo
Home
နိုင်ငံတကာ
ဖွေ့ထိုင်းပါတီက MFP နှင့် ပူးပေါင်းမှုရပ်ဆိုင်း၊ အိမ်ခြံမြေသူဌေး ထာဝိဆင်ကို ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းမည်
DVB
·
August 2, 2023
Donate to DVB

ဖွေ့ထိုင်းပါတီဟာ Move Forward ပါတီနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းမှုကို ရပ်ဆိုင်းလိုက်ပြီး   လာမယ့်လွှတ်တော်အစည်းအဝေးမှာ မဲပေးရွေးချယ်ဖို့ ဝန်ကြီးချုပ်လောင်းအဖြစ် အိမ်ခြံမြေသူဌေးကြီး စရတ်ထာထာဝိဆင်ကို အမည်စာရင်း တင်သွင်းမယ်လို့ ပါတီတာဝန်ရှိသူတဦးက သြဂုတ် ၂ ရက်မှာ ပြောပါတယ်။

စရတ်ထာဟာ စန်စိရိအမည်ရ ဇိမ်ခံ အိမ်ခြံမြေလုပ်ငန်းမှာ အမှုဆောင်ချုပ်နဲ့ ဥက္ကဋ္ဌအဖြစ် အရင်က တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ထိုင်းအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သူ့ရဲ့ရာထူးအားလုံးကို ရှင်းလင်းခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်က စရတ်ထာကို သက်ဆင်ရဲ့ သမီးဖြစ်သူ ဖဲထောင်းထန်း ရှင်နာဝပ်နဲ့အတူ ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်စားလှယ်လောင်းနေရာအတွက် ဖွေ့ထိုင်းပါတီက ရွေးချယ်ခဲ့ပါတယ်။

စရတ်ထာဟာ ဘယ်မဲဆန္ဒနယ်မှာမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ဘဲ သူ့ရဲ့ ဦးစားပေးက အကြံပေးအဖွဲ့မှာ တာဝန်ထမ်းဆောင်မှာဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ နောက်တက်လာမယ့် အစိုရသစ်ဖွဲ့ဖို့ ကြိုးပမ်းမှုမှာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဟာ မေလ အထွေထွေရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ ၈ ပါတီ မဟာမိတ်အဖွဲ့မှာ ပါဝင်တော့မှာမဟုတ်ဘူးလို့ မဟာမိတ်အဖွဲ့ဝင် ပါတီတခုရဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

ဝန်ကြီးချုပ်သစ်ရွေးချယ်ဖို့ လွှတ်တော်အစည်းအဝေးကို  သြဂုတ် ၄ ရက်နေ့ ကျင်းပမှာဖြစ်ပြီး Move Forward ပါတီမပါဘဲ အစိုးရဖွဲ့ဖို့ ရည်ရွယ်ထားကြောင်း ဖွေ့ထိုင်းပါတီက ပြောကြားခဲ့ပါတယ်။

ဖွေ့ထိုင်းပါတီအနေနဲ့ ကျော်လွန်လို့မရတဲ့ ရှေးရိုးစွဲအတိုက်အခံတွေနဲ့ ရင်ဆိုင်နေရချိန်မှာ သူ့ရဲ့ မဟာမိတ်နဲ့ ခွဲထွက်လိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိသလောက် ဖြစ်ရတယ်လို့ ဖွေ့ထိုင်းပါတီခေါင်းဆောင် ခွန်နန် စရီကယောက်က ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ပါတီဌာနချုပ်ရှေ့မှာ စုဝေးဆန္ဒပြသူတွေကတော့ ဖွေ့ထိုင်းပါတီရဲ့ နောက်ဆုံးလုပ်ဆောင်ချက်ကို စိတ်ပျက်မိကြောင်း ပြောကြပါတယ်။

Move Forward ပါတီဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး သူ့နောက်မှာ လူကြိုက်များတဲ့ ဖွေ့ထိုင်းပါတီက ပွတ်ကာသီကာလေး မဲ ကွာဟပြီး ဒုတိယ မဲအများဆုံး ရခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်သစ်နဲ့ အစိုးရသစ်ကို မဖွဲ့စည်းနိုင်သေးဘဲ ကာလရှည်ကြာ နိုင်ငံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013