DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၂ နှစ်ခွဲအတွင်း စစ်တပ်က  အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၄၄ ကြိမ် ကျူးလွန်
DVB
·
August 1, 2023
အာဏာသိမ်း ၂ နှစ်ခွဲအတွင်း စစ်တပ်က  အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၄၄ ကြိမ် ကျူးလွန်
Donate to DVB

အာဏာသိမ်းကာလ ၂ နှစ်ခွဲနီးပါးကာလတွေ အတွင်းမှာ စစ်တပ်က လူ ၅ ယောက်နဲ့အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၁၄၄ မှု ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၁,၅၉၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ ရရှိထားတဲ့ အချက်အလက်တွေအရ ခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး နှစ်အလိုက်ကြည့်မယ်ဆိုရင်တော့ စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၁၁ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ ၈၅ ကြိမ်နဲ့ အခု ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ ၄၈ ကြိမ်အထိ ကျူးလွန်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ကောက်ယူရရှိထားတဲ့ မှတ်တမ်းတွေအရ နောက်ဆုံးကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်း ချောင်းကျေးရွာမှာ ကျူးလွန်ခဲ့တာဖြစ်ပြီး အဆိုပါသတ်ဖြတ်မှုမှာတော့ အသက် ၁၈ နှစ်အောက် ၄ ယောက်အပါအဝင် အပြစ်မဲ့ပြည်သူ ၁၄ ယောက် အစုလိုက်အပြုံလိုက် သတ် ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ဒေသခံ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့အပေါ် ကုလသမဂ္ဂနဲ့ G-7 စက်မှုထိပ်သီးနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင် ရှုတ်ချခဲ့ကြပြီး စစ်အုပ်စုဘက်ကတော့ အဲဒီ ဒေသမှာ PDF အဖွဲ့တွေ ရှိနေတယ်ဆိုတာ သတင်းရတဲ့အတွက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ပြည်သူတွေက ဆက်လက်တွန်းလှန်နေကြတဲ့အတွက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို စနစ်တကျ ကျင့်သုံးနေပြီး ပိုမိုပြင်းထန်စွာနဲ့ ကျယ်ပြန့်စွာ အသုံးပြုလာနေတာကို ဒီအချက်အလက်တွေက ဖော်ပြနေတယ်လို့လည်း NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ ဝန်ကြီးဌာနအနေနဲ့ ကောက်ယူရရှိထားတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ချိုးဖောက်မှုတွေအပေါ် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်ကာ တ ရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေမှုတွေကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနဆီ ပေးပို့ပေးကြဖို့လည်း မေတ္တာရပ်ခံထားတာပါ။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အ တွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013