DVB Logo
Home
မြန်မာသတင်း
တမူးမြို့တွင် စက်သုံးဆီဈေး မြင့်တက်နေပြီး ဆီဆိုင်အချို့ ပိတ်ထားရ
DVB
·
July 31, 2023
တမူးမြို့တွင် စက်သုံးဆီဈေး မြင့်တက်နေပြီး ဆီဆိုင်အချို့ ပိတ်ထားရ
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ တိုက်ပွဲတွေကြောင့် လမ်းကြောပိတ်ဆို့ကာ စက်သုံးဆီဈေးတွေ မြင့်တက်နေပြီး စက်သုံးဆီဆိုင်တချို့မှာ စက်သုံးဆီတွေ ပြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိ ဇူလိုင် ၃၁ ရက် နေ့ခင်းပိုင်း ဆက်သွယ်ချက်အရ တမူးမြို့မှာ အောက်တိန်း 92 ဓာတ်ဆီ တလီတာကို ကျပ် ၆,၀၀၀ ဝန်းကျင်ထိ ပေးဝယ်နေရကာ 95 ဓာတ်ဆီနဲ့ ဒီဇယ်ဆီဟာ လုံးဝပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

အမည်မ‌ဖော်လိုတဲ့ တမူးမြို့မှ စက်သုံးဆီဆိုင်ပိုင်ရှင်တဦးက “လမ်းကြောတွေပိတ်နေလို့ ဆီတွေ အဝင်အထွက် မရှိတာဗျ။‌ ဝင်းဘုန်းမာန်ဆီဆိုင်ဆိုရင် ဆိုင်တောင် ပိတ်ထားရတယ်။ ဒီအခြေအနေတိုင်းဆို သိပ်မကြာခင်မှာပဲ တမူးမြို့က စက်သုံးဆီဆိုင်တွေ လုံးလုံးပိတ်ရမယ့် အခြေအနေ ဖြစ်တော့မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တမူးမြို့အနီး ပန်းသာကျေးရွာမှာ ဇွန်လလယ်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ကလေး-တမူး လမ်းကြော ပိတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

တမူးမြို့ခံတဦးက “ပန်းသာတိုက်ပွဲကတည်းကစ လမ်းပိတ်နေတာ တလခွဲကျော်ပြီ။ အရင်ကလိုဆို အိန္ဒိယဓာတ်ဆီဝယ်ရတာ အဆင်ပြေဦးမယ်။ အခုတော့ မဏိပူရ်အခြေအနေကလည်း သိတဲ့အတိုင်းပဲ။ ဓာတ်ဆီဈေးမြင့်တော့ သွားရလာရတာ အခက်အခဲဖြစ်တယ်။ မရှောင်သာတဲ့လမ်းကလွဲရင် မသွားဖြစ်တော့ဘူး။ ငွေရှိရင်တောင် ဝယ်ဖို့ရှားနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တမူးမြို့နဲ့ နယ်နိမတ်ချင်း ဆက်စပ်နေတဲ့ ကလေးမြို့မှာတော့ အောက်တိန်း 92 ဓာတ်ဆီ တလီတာကို ကျပ် ၃,၀၀၀ သာ ရှိနေပါတယ်။

လက်ရှိမှာ ဒေသခံ ကာကွယ်ရေးတပ်တွေဘက်ကတော့ ကလေး-တမူး ကားလမ်းမပေါ်က ခမ်းပါတ်မြို့နဲ့ တမူးမြို့အနီးက ပန်းသာရွာမှာ စစ်ရေးအခြေအနေတွေ တင်းမာနေဆဲ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013