ကာတာနိုင်ငံရဲ့ အသစ်ဆန်းဆုံးနဲ့ အထင်ကရအဖြစ်ဆုံး ဗိသုကာလက်ရာမြောက် အဆောက်အဦတခုပေါ် မှာ နာမည်ကြီး အားကစားသမား ယန်းရိုဆေးက ကမ္ဘာ့အရှည်လျားဆုံး ကြိုးတန်းလမ်းလျှောက်မှုအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
“Sparkline” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီကြိုးတန်းလမ်းလျှောက်မှုအတွင်း ကမ္ဘာ့ချန်ပီယံ ၃ ဆုရှင် ယန်းက ပထမဆုံးကြိုးပမ်းမှုမှာတင် အောင်မြင်သွားခဲ့တာပါ။
လူဆီလ်မြို့ရဲ့ ရက်ဖဲလ်နဲ့ ဖယ်မောင့်အမည်ရ နာမည်ကြီးဟိုတယ် တာဝါအကြား မီတာ ၁၅၀ ကျော် ကွာဝေးတဲ့ ကြိုးတန်းပေါ်မှာ အက်စ်တိုနီးယားနိုင်ငံသားက လမ်းလျှောက်ပြခဲ့တာ ဖြစ်ပါတယ်။
ဒီတခေါက် ကြိုးတန်းလမ်းလျှောက်မှုဟာ အဆောက်အဦတခုအပေါ်မှာ အရှည်လျားဆုံး ဖြစ်သလို ယန်းအတွက် အမြင့်မားဆုံးသော မြို့ပြလမ်းလျှောက်မှုလည်း ဖြစ်ပါတယ်။
ဒီကြိုးတန်းက ၂ ဒသမ ၅ စင်တီမီတာ အကျယ်သာရှိပြီး အမြင့်အားဖြင့် ၁၈၅ မီတာ ကျော်တယ်လို့ သိရပါတယ်။
“နေ့ပိုင်းမှာ အကောင်းဆုံး အခိုက်အတန့်ကို ရှာတွေ့နိုင်ဖို့အတွက် ညပိုင်းမှာ ကြိုးပမ်းရပါတယ်။ ဒါဟာ နေရောင်မရှိဘဲ လေတိုက်နှုန်းနည်းပါးတဲ့ အချိန်တွေမှာ ပြင်ဆင်နိုင်ဖို့အတွက်ပါ။ အလုပ်များစွာ ပြီးဆုံးခဲ့ပြီးနောက် နောက်ဆုံးမှာ အခြားတဖက်ကို ရောက်သွားတဲ့ ခံစားချက်က တကယ်ကောင်းပါတယ်” လို့ ယန်းက မှတ်ချက်ပေးပါတယ်။
Source - Reuters