DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်တွင် အသေခံဗုံးခွဲမှုကြောင့် လူ ၅၀ ကျော် သေဆုံး
DVB
·
July 31, 2023
ပါကစ္စတန်တွင် အသေခံဗုံးခွဲမှုကြောင့် လူ ၅၀ ကျော် သေဆုံး
Donate to DVB

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခေဘာပတ်တွန်ခါ ပြည်နယ်မှာ ဇူလိုင် ၃၀ ရက်က အသေခံဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်းတွေ ဖောက်ခွဲခဲ့လို့ သေဆုံးသူဦးရေဟာ ၅၅ ယောက်ထက်မနည်း ရှိပြီလို့ NBC သတင်းဌာနက ထုတ်ပြန်ပါတယ်။

တခြားလူ ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့လို့ အခင်းဖြစ်ရာ ဘာဂျော်ခရိုင်ကနေ စစ်ရဟတ်ယာဉ်တွေနဲ့  ပို့ဆောင်ပေးခဲ့ရပါတယ်။

စစ်သားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ ရဟတ်ယာဉ်ပေါ် တင်ပေးခဲ့ကြပြီး ပြည်နယ်မြို့တော် ပဲ့ရှ်ဝါက ဆေးရုံတွေဆီ ပို့ပေးနေတဲ့ ရုပ်သံကိုလည်း ပြသခဲ့ပါတယ်။

အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘာဂျော်ခရိုင်ရဲ့ မျိုးနွယ်စုနယ်မြေဟောင်းမှာ သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ် ဂျေမီးယတ် အယ်လေမာ အစ္စလာမ် ဖာဇယ်ပါတီ (JUI-F) ပါတီရဲ့ စုဝေးမှုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ပေါက်ကွဲမှုဟာ အသေခံဗုံးကြောင့် ဖြစ်ရတာလို့ ပြည်နယ်ရဲချုပ် အက်ခ်တာ ဟာယတ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဘာဂျော်ခရိုင်က ဆေးရုံတွေနဲ့ အနီးနားက ဧရိယာတွေမှာ ဒဏ်ရာရသူ အများစုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ ခရိုင်ရဲအရာရှိ နာဇီယာ ခန်းက ပြောပါတယ်။

တယ်ဟိအီး တာလီဘန် ပါကစ္စတန်အဖွဲ့ (TTP) နဲ့ ပါကစ္စတန် အစိုးရတို့ကြား အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားချိန်ကစပြီး အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ ပြန်စလာတာကို ပါကစ္စတန်နိုင်ငံထဲမှာ မြင်တွေ့နေရပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013