DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်အတွင်း စစ်သင်္ဘောကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက် 
DVB
·
July 31, 2023
ဧရာဝတီမြစ်အတွင်း စစ်သင်္ဘောကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက် 
Donate to DVB

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်ထားပါတယ်။

ဇူလိုင် ၂၈ ရက်က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အဆိုပါစစ်သင်္ဘောကို ကျောက်မြောင်းဆိပ်ကမ်းနဲ့ သပိတ်ကျင်း ဆိပ်ကမ်းကြား တနေရာမှာ PDF  အမှတ် (၅၀၉) တပ်ရင်း၊ ရွှေဘိုခရိုင် တပ်ရင်း(၃)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(သပိတ်ကျင်း) နဲ့ Nine PDF တို့က ပူးပေါင်းကာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရန်သူ့စစ်သင်္ဘောရဲ့ ဝမ်းဗိုက်တည့်တည့်နဲ့ ကိုယ်ထည်နောက်ပိုင်းကို လက်နက်ကြီး ၂ လုံး တိုက်ရိုက်ထိမှန်ခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဘက်က တော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀၀၀၀ လောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013