DVB Logo
Home
နိုင်ငံတကာ
အစ္စရေးနှင့် ဆော်ဒီ ဆက်သွယ်ပေးနိုင်မည့် ရထားလမ်းတိုးချဲ့ဖောက်လုပ်မည်
DVB
·
July 31, 2023
အစ္စရေးနှင့် ဆော်ဒီ ဆက်သွယ်ပေးနိုင်မည့် ရထားလမ်းတိုးချဲ့ဖောက်လုပ်မည်
Donate to DVB

အစ္စရေးနိုင်ငံ မြို့တော်တဲလ်အဗစ်ကနေ အစွန်အဖျားကျတဲ့ ဒေသတွေကို ချိတ်ဆက်ပေးသွားမယ့် ရထားလမ်းတိုးချဲ့ဖောက်လုပ်ဖို့ ဒေါ်လာ ၂၇ ဘီလီယံအထိ အသုံးပြုသွားမယ်လို့ အစိုးရက အတည်ပြုပါတယ်။ 

ဒီရထားလမ်းဟာ လာမယ့်အနာဂတ်မှာ ဆော်ဒီအာရေးဗျနိုင်ငံအထိ ကုန်းကြောင်းအတိုင်း ရထားလမ်းနဲ့ ဆက်သွယ်နိုင်အောင် စီစဉ်ပေးနိုင်တယ်လို့ ဇူလိုင်  ၃၀ ရက်မှာ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောပါတယ်။ 

လွန်ခဲ့တဲ့ အပတ်တုန်းက ဆော်ဒီနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် ထိပ်တန်းအရာရှိတွေရဲ့ ခရီးစဉ်အပြီးမှာပဲ ဒီကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ 

ဒါဟာ မွတ်ဆလင် အင်အားကြီးနိုင်ငံနဲ့ အစ္စရေးနိုင်ငံအကြား တရားဝင်ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့ အတွက် ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ 

လက်ရှိဖြစ်ပွားနေတဲ့ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အစ္စရေး အစိုးရအဖွဲ့ရဲ့  အပတ်စဉ် အစည်းအဝေးမှာ နေတန်ယာဟု အနေနဲ့ ခေါင်းရှောင်နေပုံ ရတယ်လို့ ဆိုပါတယ်။

အခြေခံဥပဒေ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကြောင့် အစ္စရေးနိုင်ငံမှာ ၇လကြာတဲ့အထိ လူထုဆန္ဒပြပွဲတွေနဲ့ မတည်မငြိမ် ဖြစ်နေသလို စီးပွားရေးကိုလည်း ထိခိုက်စေခဲ့ပြီး အနောက်မဟာမိတ်တွေရဲ့ ဒီမိုကရေစီ အခြေအနေအပေါ် ယုံကြည်စိတ်ချမှုကိုပါ လှုပ်ခတ် စေခဲ့ပါတယ်။ 

ဒါကြောင့် ရထားလမ်းစီမံကိန်း အပါအဝင် အခြေခံအဆောက်အအုံဆိုင်ရာ ပဏာမခြေလှမ်းတွေနဲ့ ပက်သက်ပြီး နေတန်ယာဟုက ဦးစားပေး ပြောဆိုခဲ့ပါတယ်။ 

ဒီစီမံကိန်းဟာ အစ္စရေးနိုင်ငံရဲ့  စီပွားရေးလုပ်ငန်းတွေနဲ့  အစိုးရဌာနတွေကို ရထားနဲ့ သွားလာရာမှာ ၂ နာရီ ဒါမှမဟုတ် အဲ့ဒီထက် လျော့နည်းအောင် ကြာချိန်လျှော့ချဖို့အတွက် ရည်ရွယ်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013