DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုကို ချေမှုန်းမည့် မည်သည်အဖွဲ့နှင့်မဆို ပူးပေါင်းမည်ဟု ဓနုတပ်ဦးပြော
DVB
·
July 30, 2023
စစ်အုပ်စုကို ချေမှုန်းမည့် မည်သည်အဖွဲ့နှင့်မဆို ပူးပေါင်းမည်ဟု ဓနုတပ်ဦးပြော
1 / 3
Donate to DVB

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အာဏာသိမ်းစစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းမယ့် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းသွားမယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front)က ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ပါတယ်။

ဓနုလူငယ်တွေနဲ့ ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ စုပေါင်းလို့ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်ဒေသမှာ သွားရောက် စစ်ပညာသင်ကြားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ် ၇ ရက်နေ့မှာ ဓနုပြည်သူလွတ်မြောက်ရေးတပ်ဦး (DPLF) ကို စတင်တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။

DPLF ဟာ ဓနုတမျိုးသားလုံးနဲ့ ဒေသတွင်း အတူနေညီနောင်တိုင်းရင်းသား အားလုံး အ ဖိနှိပ်ခံဘဝကနေ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူအခွင့်ရေးကို အာမခံတဲ့ ဓနုပြည်နယ် တည်ဆောင်ရေး၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးအတွက် ဦးတည်ပြီး တည်ထောင်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

အခုလက်ရှိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ဟာ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF)နဲ့ ပူးတွဲပြီး သပြေညိုစစ်ဆင်ရေးမှာ တိုက်ပွဲဝင်ခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ များပြား ခဲ့သလို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ဘက်ကလည်း ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ တာဝန်ရှိသူတယောက်က ဆိုပါတယ်။

ဓနုတိုင်းရင်းသားတွေဟာ ရှမ်းပြည်နယ်၊ နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ကလောနဲ့ တောင်ကြီးမြို့နယ်တို့မှာ အဓိကနေထိုင်ပြီး မိုးကုတ်၊ ပြင်ဦးလွင်၊ သာစည်၊ ကျောက်ဆည်၊ ညောင်ရွှေ၊ ရန်ကုန်နဲ့ မန္တလေးတို့မှာလည်း ပျံ့နှံ့နေထိုင်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013