DVB Logo
Home
မြန်မာသတင်း
ဩဂုတ်လအတွင်း စစ်အုပ်စု အကြမ်းဖက်မှုကြောင့် ပြည်သူအယောက် ၂၄၀ ကျော် သေဆုံး
DVB
·
September 26, 2026
Photo : NUG MOD
Photo : NUG MOD
Donate to DVB

၂၀၂၆ ခုနှစ်၊ ဩဂုတ်လပိုင်းအတွင်း စစ်အာဏာရှင်တပ်ဘက်က အကြမ်းဖက်မှုကြောင့် အရပ်သား ၂၄၁ ယောက် သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး၀န်ကြီးဌာန က စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၂၄၁ ယောက်၊ ဒဏ်ရာရရှိသူ ၃၇၁ ယောက်၊ ကလေးသေဆုံးသူ ၂၃ ယောက်၊ နေအိမ်ဖျက်ဆီးခံရတာ ၆၀၅ လုံး၊ ဘာသာရေး အဆောက်အအုံဖျက်ဆီးခံရတာ ၉ လုံး၊ ပညာရေးအဆောက်အအုံ ဖျက်ဆီးခံရတာ ၅ လုံး ရှိတယ်လို့ ဆိုပါတယ်။

ဩဂုတ်လအတွင်း အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံတပ်တွေရဲ့ အကြမ်းဖက်မှုဖြစ်စဉ် ၈၂၁ ကြိမ် ရှိတယ်လို့ ထုတ်ပြန်တဲ့အချက်အလက်မှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်တပ်ဟာ နိုင်ငံတကာစစ်ဥပဒေကို မလိုက်နာဘဲ မြေမြင်၊ ရေပြင်နဲ့ ဝေဟင်ကနေ အရပ်သားပြည်သူတွေကိုမရှောင် ပစ်မှတ်အဖြစ် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013