DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယအတိုက်အခံခေါင်းဆောင်များ မဏိပူရပြည်နယ်သို့ သွားရောက်
DVB
·
July 30, 2023
အိန္ဒိယအတိုက်အခံခေါင်းဆောင်များ မဏိပူရပြည်နယ်သို့ သွားရောက်
Donate to DVB

အိန္ဒိယနိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင်တွေဟာ ဇူလိုင် ၂၉ ရက်က နိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်ဆီ သွားခဲ့ပါတယ်။

ဒီပြည်နယ်မှာ မေလကစတဲ့ ပြင်းထန်တဲ့ လူမျိုးရေး စစ်ပွဲအတွင်း လူပေါင်း ၁၈၀ ကျော် သေဆုံး ခဲ့ပါတယ်။

အသစ်ဖွဲ့စည်းထားတဲ့ အတိုက်အခံပါတီ ၂၆ ခုပါတဲ့ I.N.D.I.A မဟာမိတ်အဖွဲ့က ကိုယ်စားလှယ် အဖွဲ့ဟာ မဏိပူရ ပြည်နယ်က အကြမ်းဖက်မှု အများအပြား ဖြစ်ပွားခဲ့တဲ့ ချူရာချန်ပူမြို့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေဆီ သွားရောက် လေ့လာခဲ့ပါတယ်။ 

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဏိပူရဟာ အိန္ဒိယနိုင်ငံရဲ့ အသေးငယ်ဆုံး ပြည်နယ်တွေ ထဲက တစ်ခုဖြစ်ပြီး လူဦးရေ ၃ ဒသမ ၂ သန်းရှိသည်။ 

ပြည်နယ်လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းက ကူကီးလူမျိုးတွေ ဖြစ်ပြီး မိုက်တေ လူမျိုးစုကတော့ လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်း ရှိနေပါတယ်။

ကူကီးလူမျိုးတွေ ခံစားခွင့်ရတဲ့ အစိုးရအလုပ်အကိုင်နဲ့ ပညာရေးခွဲတမ်းတွေ၊  အထူးစီးပွားရေး အကျိုးခံစားခွင့်တွေနဲ့ ခွဲတမ်းတွေ တိုးမြှင့်ပေးရေး စဉ်းစားဖို့ မဏိပူရပြည်နယ် အစိုးရကို တရားရုံးက အမိန့်ချပြီးတဲ့နောက် လူမျိုးရေးအကြမ်းဖက်မှုတွေ စတင်ခဲ့ပါတယ်။

မဏိပူရပြည်နယ်အတွင်း ကူကီးနဲ့ မိုက်တေ တိုင်းရင်းသား တိုက်ခိုက်ရေးသမားတွေဟာ အဝေးပြေး လမ်းတလျှောက် တပ်စခန်း တွေနဲ့ ကတုတ်ကျင်းတွေကို ပြင်ဆင်ထားကြတယ်၊ တဖက်နဲ့တဖက် စနိုက်ပါ ရိုင်ဖယ်တွေ ပစ္စတို သေနတ်တွေနဲ့ တိုက်ခိုက်ရေး လက်နက်တွေကို သုံးပြီး အပြန်အလှန် ပုံမှန် ပစ်ခတ်နေကြတယ်လို့ လုံခြုံရေး အရာရှိတွေနဲ့ ရွာသားတွေက ပြောပါတယ်။

မိုက်တေ တိုက်ခိုက်ရေးသမားတွေကြောင့် အရင်းအမြစ်တွေ ပြတ်လပ်ပြီး အင်အားနည်းလာတဲ့ ကူကီး တိုက်ခိုက်ရေးသမားတွေက အိမ်လုပ် အမြောက်တွေ မော်တာတွေကို ကိုင်ဆောင် လာခဲ့ကြတာပါ။

ပြင်းထန်တဲ့ သေနတ်တိုက်ပွဲတွေ ပုံမှန်လိုလိုဖြစ်လာနေတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

လူမျိုးရေး အဓိကရုဏ်းအတွင်း ကူကီးလူမျိုး ၁၁၃ယောက်နဲ့ မိုက်တေ လူမျိုး ၆၂ ဦး အပါအဝင် လူ ၁၈၁ဦး သေဆုံးခဲ့တယ်လို့ ရရှိထားတဲ့ သတင်းအချက် အလက်တွေပေါ် မူတည်ပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013