DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်၊ အလယ်တောရွာကို လက်နက်ကြီးဖြင့်ပစ်၍ ၄ ဦးကျည်ထိ
DVB
·
July 30, 2023
ထီးချိုင့်၊ အလယ်တောရွာကို လက်နက်ကြီးဖြင့်ပစ်၍ ၄ ဦးကျည်ထိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောစံပြရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၉ ရက် နေ့ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားပြည်သူ ၅ ယောက် ကျည်ထိမှန် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့ကနေ ဇူလိုင် ၂၈ ရက်နေ့က စတင် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပြတယ်။

မျက်မြင်တွေ့သူ ဒေသခံတယောက်က “ဖြစ်တာက ဒီလိုဗျ။ သူတို့စစ်ကြောင်းက ထီးချိုင့်ကနေ ဇီးကုန်းရွာဘက်ကနေ ပတ်တက်လာတဲ့ စစ်ကြောင်းဗျ။ ပထမကတော့ ကျနော်တို့ဒေသခံတွေက ကျနော်တို့ရွာကို မလာလောက်ဘူး အထင်နဲ့ မီးဘေးသင့်ပြည်သူတွေကို ဘုန်းတော်ကြီးကျောင်းထဲမှာ ဆန်ဝေနေကြတာပေါ့။ အဲဒါကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ။ ဆန်ဝေတဲ့နေရာနားကို ကျရောက်ပြီး ၄ ယောက် လက်နက်ကြီး အပိုင်းအစ ထိမှန်သွားတယ်။ အသက်အန္တရာယ်ကတော့ ၄ ယောက်လုံး စိုရိမ်ရတယ်။ ဒဏ်ရာက တကိုယ်လုံးထိမှန်ထားတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျည် ထိမှန်ထားသူတွေဟာ အလယ်တောကျေးရွာက အသက် ၅၀ အရွယ် ဦးအောင်ဝင်း၊ အသက် ၄၈ နှစ်အရွယ် မအေး၊ အသက် ၄၀ ကျော်အရွယ် မခင်ဆန်းလင်း နဲ့ မနွဲ့မြတို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ အခုလိုပစ်ခတ်တာတွေပြုလုပ်ပြီး အလယ်တောစံပြရွာ ဘုန်းကြီးကျောင်းမှာ တဖွဲ့၊ ရွာအနီးတောင်ကုန်းပေါ်မှာတဖွဲ့ခွဲပြီး စခန်းချ နေထိုင်နေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို ထီးချိုင့်မြို့နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ရုံသာမက အခု လျှပ်စစ်မီးတွေပါ ဖြတ်တောက်ထားတာကြောင့် ဒုက္ခပေါင်းစုံခံစားနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013