
ထိုင်းနိုင်ငံ၊ နာရသီဝပ်ပြည်နယ်က ဆန်ဂေး ကိုလော့ခ်ခရိုင် မူနိုစျေးမှာ မီးရှူးမီးပန်းသိုလှောင်ရုံတခု ပေါက်ကွဲလို့ လူ ၉ ယောက်သေဆုံးပြီး ၁၁၅ ယောက်ဒဏ်ရာ ရခဲ့တယ်လို့ ခေါင်စွတ် သတင်းဌာနက ဖော်ပြပါတယ်။
ဇူလိုင် ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်မှာ ဂိုထောင်အတွင်း ဂဟေဆော်ရာကနေ မီးရှူးမီးပန်းတွေ မီးလောင်ခဲ့တာဖြစ်ပြီး လူနေအိမ်တွေပါ ပျက်စီးခဲ့လို့ အိမ်ထောင်စု ၄၀ ကျော်ကို အားကစားရုံမှာ ယာယီနေထိုင်ခိုင်းထားရပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တာဝန်ရှိသူက “အသေးစိတ်စစ်ဆေးတာတွေပြုလုပ်ပြီး မီးရှုးမီးပန်း လက်ဝယ်သိမ်းဆည်းထားတာကို စစ်ဆေးသွားမှာြဖစ်သလို မီးပန်းပစ်လွှတ်တာ တွေကိုလည်း အရေးယူသွားမယ်” လို့ ပြောပါတယ်။
ဒဏ်ရာရသူတွေကို ကိုလော့ခ်ခရိုင်ဆေးရုံမှာ ကုသနေပြီး နေအိမ်တွေအောက်မှာ ပိတ်မိနေသူတွေ ရှိဦးမယ်လို့ ရဲဌာနက ခန့်မှန်းပါတယ်။
Source- Khaosod English










