
အမေရိကန်နိုင်ငံ၊ ဆီအက်တဲလ်မြို့ရဲ့ ရိန်နီယာ ကမ်းခြေမှာ ဇူလိုင် ၂၈ ရက်က လူ ၅ ယောက်အထိ ဒဏ်ရာရစေခဲ့တဲ့ ပစ်ခတ်မှုအပေါ် ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။
အရင်က ကင်း-ဒိုးနတ်စ် လို့ သိထားကြတဲ့ ကားပါကင်နေရာမှာ ဒီပစ်ခတ်မှုစတင်ခဲ့တာ ဖြစ်တယ်လို့ ဆီအက်တဲလ် မြို့ရဲ့ ရဲချုပ်ဖြစ်သူ အေဒရီယန် ဒီးယက်ဇ် က အတည်ပြုပါတယ်။
ဒါ့အပြင် ဒီးယက်ဇ်က အခင်းဖြစ်ပွားရာမှာ ကျည်ခွံအများအပြား တွေ့ရှိခဲ့ရတယ်လို့ ဖြည့်စွက်ပြောပါတယ်။
ဒီပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သူ ၅ ယောက်ထဲက ၂ ယောက်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပေမယ့် ကျန်တဲ့ ၃ ယောက်ကတော့ အခြေအနေတည်ငြိမ်နေတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားရာ ဆေ့ဖ်ဝေး ကုန်စုံဆိုင်အနီးမှာ အရင်လပိုင်းတုန်းကလည်း ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပါသေးတယ်။ ဒီတခေါက် ပစ်ခတ်မှုရဲ့ အကြောင်းရင်းကိုတော့ လောလောဆယ်မှာ မသိရသေးပါဘူး။
Source-Reuters










