DVB Logo
Home
မြန်မာသတင်း
ဆန်စပါးအသင်းချုပ်က ဆန်အိတ် ၅ သောင်းရောင်းချပေးမည်
DVB
·
July 29, 2023
ဆန်စပါးအသင်းချုပ်က ဆန်အိတ် ၅ သောင်းရောင်းချပေးမည်
Donate to DVB

ဆန်အိတ် ၅ သောင်းရောင်းချပေးမှာဖြစ်ပြီး လိုအပ်ရင် ထပ်ရောင်းဦးမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ကြေညာပါတယ်။

ဆန်စပါးဈေးကွက်နဲ့ ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အခုလိုရောင်းတာဖြစ်ပြီး ကနဦး အနေနဲ့ ၂၅% အဆင့် ၅၀ ကီလိုအိတ်(၂၄ ပြည်) အိတ်ရေ ၅ သောင်းကို ရောင်းချမယ်လို့ ဆိုပါတယ်။

ဒီလိုရောင်းချရာမှာ စုဆောင်းထားတဲ့ အရန်ဆန်တွေ၊ တခြားစီစဉ်ထားတဲ့ အရန်ဆန်တွေအပြင် ပို့ကုန်ကုမ္ပဏီတွေ ပူးပေါင်းပါဝင်တာဖြစ်ပြီး ဈေးကွက်ထဲကို အမြန်ဆုံး ထည့်သွင်းရောင်းချမယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဆန်ဖူလုံမှုအပြည့်အဝရှိပြီး၊ ပိုလျှံတာကိုပဲ ပြည်ပကို စနစ်တကျတွက်ချက် တင်ပို့ရောင်းချနေတာဖြစ်သလို လတ်တလောမှာ ပြည်တွင်းမှာ အလုံအလောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဆန်စက်တွေလည်ပတ်ချိန်ပိုများလာသလို ပဲခူးတိုင်း အနောက်ပိုင်းနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ စပါးရိတ်သိမ်းချိန်ဖြစ်သလို စပါးပေါ်ထွက်နေဆဲဖြစ်တာကြောင့် ဆန်ဈေး၊ စပါးဈေး တည်ငြိမ်ရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် သတင်းမှားတွေနဲ့ ကောလာဟလတွေကြောင့် စားသုံးသူတွေအနေနဲ့ ဆန်တွေဝယ်ယူစုဆောင်းတာ၊ စိုးရိမ်ပူပန်တာတွေ မဖြစ်ကြဘဲ လိုအပ်မှ ဝယ်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဟာ ဆန်စပါးသိုလှောင်ရုံတွေ၊ သိုလှောင်လုပ်ငန်းတွေ အလိုက် သိုလှောင်တဲ့အခြေအနေတွေကို အပတ်စဉ်၊ လစဉ်စာရင်းပြုစုပေးပို့ကြဖို့ ပြီးခဲ့တဲ့ ဇွန်လတုန်းက ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013