DVB Logo
Home
နိုင်ငံတကာ
လျှပ်စစ်ကားအစီး ၅၀၀ တင်လာသည့်သင်္ဘော ဒတ်ချ်ကမ်းခြေ၌ မီးလောင်
DVB
·
July 29, 2023
လျှပ်စစ်ကားအစီး ၅၀၀ တင်လာသည့်သင်္ဘော ဒတ်ချ်ကမ်းခြေ၌ မီးလောင်
Donate to DVB

ဒတ်ခ်ျကမ်းခြေမှာ အင်္ဂါနေ့ ညကတည်းက မီးလောင်နေတဲ့ မော်တော်ကားတင် ဖှရက်မန်တဲလ် သင်္ဘောဟာ လျှပ်စစ်ကားအစီးရေ ၅၀၀ နီးပါး တင်ဆောင်ထားကြောင်း သင်္ဘောစင်းလုံးငှားကုမ္ပဏီ "K" Line က ဇွန် ၂၈ ရက်မှာ ပြောကြားခဲ့ပြီး ဒါဟာ ကမ်းရိုးတန်းစောင့်တပ်က ကနဦး သတင်းထုတ်ပြန်ထားတဲ့ ၂၅ စီး ဆိုတာထက် သိသိသာသာ ပိုများနေတာ လို့ ဆိုပါတယ်။ 

ဘက်ထရီကား ၄၉၈ စီး အပါအဝင်သင်္ဘောပေါ်မှာ ယာဉ်အစီးရေ ၃၇၈၃ စီး ရှိကြောင်း တိုကျိုအခြေစိုက် K Line ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။ 

သူဟာ ဂျပန်ကားထုတ်လုပ်သူတွေဆီက ဘာကားအမျိုးအစားတွေ ယူဆောင်လာတယ်ဆိုတဲ့ ကားအမှတ်တံဆိပ်တွေနဲ့ ပတ်သက်ပြီးတော့ တစုံတရာ ပြောကြားဖို့တော့ ငြင်းဆိုခဲ့ပါတယ်။

၁၉၉ မီတာအရှည်ရှိတဲ့ ဖှရက်မန်တဲလ် သင်္ဘောဟာ ဂျာမဏီကနေ အီဂျစ်ကိုသွားတဲ့လမ်းမှာ ရှိနေပြီး မြောက်ဘက်စွန်းရှိ ဒတ်ချ်ကမ်းရိုးတန်းမှ ၁၇ ကီလိုမီတာအကွာမှာ အခုထိ မျောပါ လောင်ကျွမ်းနေဆဲ ဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

EV လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတွေဟာ သာမန်မီးရဲ့ စွမ်းအင်ထက် ၂ ဆ လောင်ကျွမ်းပြီး အဲဒီလုပ်ငန်းဟာ ဘေးအန္တရာယ်တွေကို စောင့်စည်းမှုမရှိကြောင်း ရေကြောင်းအရာရှိတွေနဲ့ အာမခံ အရာရှိတွေက ပြောပါတယ်။ 

မော်တော်ကားသစ်တွေကို တင်ဆောင်လာတဲ့ ပနားမားမှတ်ပုံတင် ဖှရက်မန်တဲလ် ရေယာဉ်မှာ မီးလောင်ကျွမ်းမှုကြောင့် အိန္ဒိယသင်္ဘောသားတဦး သေဆုံးပြီး တခြား ၇ ဦးလည်း မီးလောင်မှုကနေလွတ်မြောက်အောင် သင်္ဘောပေါ်ကနေ ခုန်ချခဲ့ကြတာမှာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ 

မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က သူ့ရဲ့၀က်ဘ်ဆိုက်မှာ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ 

ဒါပေမယ့် ဒတ်ခ်ျရုပ်သံလွှင့် RTL က ထုတ်ပြန်တဲ့ မှတ်တမ်းတခုမှာတော့ လျှပ်စစ်ကားတစီးရဲ့ ဘက်ထရီကနေ မီးစတင်လောင်ကျွမ်းတာဖြစ်ကြောင်း အရေးပေါ်တုံ့ပြန်သူတဦးရဲ့ ပြောကြားချက်ကို ထုတ်လွှင့်ထားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013