DVB Logo
Home
နိုင်ငံတကာ
ဘာလင်၌ အထပ်မြင့်အဆောက်အအုံတွင် မီးလောင်ပြီး ၂ ဦး သေဆုံး
DVB
·
July 29, 2023
ဘာလင်၌ အထပ်မြင့်အဆောက်အအုံတွင် မီးလောင်ပြီး ၂ ဦး သေဆုံး
Donate to DVB

ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ ဇူလိုင် ၂၈ ရက် သောကြာနေ့က အထပ်မြင့်အဆောက်အဦမှာ မီးလောင်ခဲ့ပြီးနောက် လူ ၂ ယောက်သေဆုံး၊ ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မျက်မြင်သက်သေတဦးနဲ့ မီးသတ်တပ်ဖွဲ့ရဲ့ပြောကြားချက်အရ အဲဒီလူ ၂ ယောက်ဟာ အထပ် ၁၅ ထပ်မြင့် အဆောက်အဦရဲ့ ၁၂ ထပ်ကနေ ခုန်ချလို့ချော်လဲပြီး သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မီးသတ်သမားတွေ ရောက်ရှိလာချိန်မှာ သေဆုံးသူတွေဟာ ပြတင်းပေါက်မှာ ရောက်ရှိနေပြီဖြစ်ပြီး မီးသတ်သမားတွေက သူတို့ကိုကယ်ဆယ်ဖို့ကြိုးစားခဲ့ပြီးနောက်မှာ ပြုတ်ကျသွားခဲ့ပြီးတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။

ခုန်ချရင် အောက်ကနေအခုအခံလုပ်ပေးတဲ့ အခင်းအပါအဝင် ကယ်ဆယ်ရေးပစ္စည်းတွေကို တပ်ဆင်နေတုန်းမှာ သူတို့အနောက်ကို အရမ်းပြင်းတဲ့မီးအပူရှိန်က ရောက်လာပြီဖြစ်လို့ သူတို့ ခုန်ချလာတာဖြစ်ကြောင်း ဘာလင်မီးသတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်ကလင်း က ပြောပါတယ်။ 

အန္တရာယ်ကြုံနေရတဲ့လူတွေနဲ့ ဆက်သွယ်ဖို့ကြိုးစားပေမယ့် အမြင့်ပေနဲ့ လူတွေရဲ့ ကြောက်စိတ် ကြောင့် ခက်ခဲတယ်လို့လည်း သူက ဆိုပါတယ်။ 

ဒေသစံတော်ချိန် ညနေ ၄ နာရီကနေ ညနေ ၅ နာရီကြားမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို အရေးပေါ် ဝန်ထမ်း ၁၆၀ လောက် ရောက်ရှိခဲ့ပါတယ်။ 

မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013