DVB Logo
Home
နိုင်ငံတကာ
ဂရိတွင် တောမီးကြောင့် ခဲယမ်းမီး‌ကျောက်သိုလှောင်ရုံ ပေါက်ကွဲ
DVB
·
July 28, 2023
ဂရိတွင် တောမီးကြောင့် ခဲယမ်းမီး‌ကျောက်သိုလှောင်ရုံ ပေါက်ကွဲ
Donate to DVB

ဂရိနိုင်ငံအလယ်ပိုင်းမှာ တောမီးတွေ လောင်ကျွမ်းနေတာကြောင့် ဗိုလော့စ်မြို့အနီးရှိ  ခဲယမ်းမီးကျောက်သိုလှောင်ရုံမှာ ပေါက်ကွဲမှုတွေလည်း ကြုံနေရကြောင်း ဂရိနိုင်ငံပိုင် ရုပ်မြင်သံကြား ERT က ထုတ်ပြန်ပါတယ်။

နဲ-အာဂီယာလို့စ် ကမ်းရိုးတန်းမြို့မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရကြောင်းနဲ့ အဲဒီ ခဲယမ်းမီးကျောက်တွေကို ဂရိလေတပ်က ပိုင်ဆိုင်ကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ERT ရုပ်သံချန်နယ်က ပြောကြားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု သတင်းကိုတော့ ချက်ချင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အဲဒါအပြင် တောမီးကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ အတင်းရွှေ့ပြောင်းခိုင်းရတာတွေလည်း လုပ်ဆောင်နေပြီး ဂရိနိုင်ငံအနေနဲ့ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို တိုက်ဖျက်ဖို့ လုပ်ငန်းစဉ်တွေကို ပိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ် ကီရီယာကော့စ် မစ်ဆိုတာကိစ်က ဇူလိုင် ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

လေပြင်းတိုက်ခတ်ပြီး ၄၀ စင်တီဂရိတ်ထက် ကျော်လွန်နေတဲ့ အပူချိန်တွေဟာ နိုင်ငံတဝန်းက တောမီးလောင်မှုတွေကို ပိုအားဖြည့်ပေးနေတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။

ဂရိနိုင်ငံအလယ်ပိုင်းမှာ ဇူလိုင် ၂၆ ရက်က မီးလောင်ကျွမ်းမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ ၅ ဦးအထိ ရှိခဲ့ပါတယ်။ အာဏာပိုင်တွေဟာ အေသင်မြို့ မြောက်ဘက်က တောမီးဒဏ် အပြင်းအထန်ခံနေရတဲ့ မဂ်နီးရှား ကမ်းရိုးတန်းဒေသရှိ ရပ်ရွာဒေသခံ အများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ပေးခဲ့ပါတယ်။

မီးတောက်တွေ ပြန်ပြင်းထန်လာတာကြောင့် ဇူလိုင် ၂၇ ရက်က နောက်ထပ် လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ပြီး တချို့ကလည်း ကိုယ်ပိုင်စက်လှေတွေနဲ့ အနီးနားရှိ ဗိုလော့စ် ဆိပ်ကမ်းမြို့ကို ဦးတည်သွားခဲ့ကြပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013