DVB Logo
Home
မြန်မာသတင်း
ရွှေနှင့် ဒေါ်လာဈေး ပြန်တက်လာ
DVB
·
July 28, 2023
ရွှေနှင့် ဒေါ်လာဈေး ပြန်တက်လာ
Donate to DVB

ကျပ် ၂၀၀၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေမယ့် ဂယက်ကြောင့် ဖြစ်လာတဲ့ ငွေကြေးမတည်ငြိမ်မှုက ဒေါ်လာဈေးနဲ့အတူ ရွှေဈေးကိုပါ ‌လှုပ်ခါပြီး အတက်အကျ ဖြစ်ပေါ်စေခဲ့ပါတယ်။

အဲဒီ ကြေညာချက်  ထွက်ပေါ်ပြီး နောက်ရက်မှာ ရွှေ ၁ ကျပ်သားကို ၃၃ သိန်းဝန်းကျင်ကနေ  ၃၆ သိန်းထိ ထိုးတက်သွားခဲ့ပြီး၊ ဇူလှိုင် ၂၅ ရက်နေ့မှာ ၃၄ သိန်းအောက်ကို ပြန်ကျဆင်းခဲ့ပါတယ်။ ဇူလှိုင် ၂၇ ရက်နေ့မှာတော့  ၃၅ သိန်းအထက်ကို ပြန်မြင့်တက်လာပြီး ဒီကနေ့မှာ အနည်းငယ် ပြန်ကျရိပ်ပြ‌‌ပေမယ့် ၁ ကျပ်သားကို ၃၅ သိန်း ဝန်းကျင်မှာပဲ အတက်ဈေးနဲ့ဆက်ရှိနေပါတယ်။

ဒေါ်လာဈေးကလည်း ပြီးခဲ့တဲ့ရက်က ၁ ဒေါ်လာကို ၃၂၅၀ ထိ ပြန်ကျရိပ်ပြခဲ့ပေမယ့် ဒီကနေ့မှာတော့ ၃၃၅၀ ထိ ပြန်မြင့်တက်လာပြန်ပါတယ်။

လာမယ့်ရက်သတ္တပတ်  တခုအကြာမှာ ရွှေနဲ့ ဒေါ်လာဈေး ပြန်လည်တည်ငြိမ်သွားနိုင်‌‌ခြေရှိပေမယ့် အတက်‌‌ဈေးမှာပဲ ဆက်ရှိနေနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တဦးက သုံးသပ်ပါဝယ်။

"လောလောဆယ်ကတော့ မတည်မငြိမ် ဖြစ်နေမှာပဲ။ ဒေါ်လာဈေးလည်း တက်လိုက်ကျလိုက်၊ ရွှေဈေးလည်း တက်လိုက်ကျလိုက် မငြိမ်လောက်သေးဘူး။ နောက် တပတ်လောက်နေရင်တော့ ငြိမ်သွားမယ်နဲ့ တူပါတယ်။ ဒါ‌ပေမယ့် ၂၀၀၀၀ တန် မကြေညာခင်က ၁ ကျပ်သားကို ၃၃ နီးပါးလောက်ရှိတာပေါ့ အဲဈေးလောက်တော့  ပြန်ဖြစ်ဖို့ မရှိဘူးလို့ ထင်ပါတယ်။"

စစ်ကောင်စီက အမေရိကန် ၁ ဒေါ်လာ ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးထက် လျှော့ချပြီး နှုန်းသေ သတ်မှတ်လိုက်ပြီးတဲ့နောက်မှာ  ဒေါ်လာနဲ့ ရွှေဈေးကွက်ပျက်ပြီး မှောင်ခိုဈေးကွက် ဖြစ်လာခဲ့ပါတယ်။ လတ်တ‌လော တရားမဝင် မှောင်ခို ဈေးကွက်မှာလည်း စစ်ကောင်စီရဲ့  အဖမ်းအဆီး အစစ်အဆေးကြပ်မတ်လုပ်ဆောင်မှုတွေကြောင့် အရောင်းအဝယ်တွေ ရပ်တန့်နေတယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် ရွှေလုပ်ငန်းရှင်တဦးက "သူတို့တွေ ဖမ်းထားတာ တော်တော်များတယ်လေ။ အဲတော့ ဘယ်သူမှ မလုပ်ရဲကြဘူး။ ရောင်းချင်တဲ့သူနဲ့ ဝယ်ချင်တဲ့သူနဲ့ ထိပ်တိုက်တွေ့မှပဲ အလုပ်ဖြစ်တဲ့ သဘောရှိတယ်။ ပွဲစားတွေလည်း လုပ်မရဘူး။ ဝယ်ရောင်းတွေလဲ လုပ်မရဘူး။ အားလုံးက ကြောက်လန့်ပြီး ထွက်ပြေးနေတယ်။ တိမ်းရှောင်နေတယ်။ လုပ်ရကိုင်ရ အရမ်းခက်နေပါတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီဟာ  ရွှေဈေး၊ နိုင်ငံခြားငွေဈေး မြင့်တက်တာကို ထိန်းချုပ်ဖို့ အခုလို လုပ်ငန်းရှင်တွေကို ဖမ်းဆီး စစ်ဆေး အရေးယူမှုတွေ ဆောင်ရွက်နေတာက  ဆေးမြီတိုနဲ့ ကုစားခြင်းသာဖြစ်ပြီး  ဒေါ်လာပြဿနာကို  ပြေလည်သွားနိုင်ခြင်း မရှိဘူးလို့လည်း ရွှေကုန်သည်တွေက ထောက်ပြထားကြပါတယ်။

ပြည်တွင်းရွှေကို ‌အမေရိကန်ဒေါ်လာငွေလဲနှုန်းနဲ့ တွက်ချက်ပြီး ဈေးသတ်မှတ် ရောင်းဝယ်ကြတာဖြစ်လို့ လတ်တလောမှာတော့ ဒေါ်လာဈေး အတက်အကျနဲ့ အတူ ရွှေဈေးပါ အတက်အကျ ဖြစ်ပေါ်နေတာပါ။ ရွှေ‌ဈေးမြင့်တက်ခြင်းက သာမန်ပြည်သူတွေကို မထိခိုက်စေနိုင်ပေမယ့်  ဒေါ်လာဈေး မြင့်တက်တာက အခြေခံကုန်ဈေးနှုန်းကို ထိခိုက်နိုင်တဲ့ အတွက် ဝင်ငွေနည်း ပြည်သူတွေကိုလည်း ထိခိုက်နိုင်ပါတယ်။

၂၀၀၀၀ တန်ထုတ်တာဟာ အထိန်းအမှတ်အဖြစ် အရေအတွက် အကန့်အသတ်နဲ့ ထုတ်တာဖြစ်တာကြောင့် ငွေကြေးဖောင်းပွမှု မထိခိုက်ဘူးလို့ စစ်ကောင်စီနဲ့ ဗဟိုဘဏ်က ဆိုပေမဲ့ မထုတ်ခင်ကတည်းက ငွေကြေးတန်ဖိုးနဲ့ ကုန်ဈေးနှုန်းတွေ အပေါ်  ရိုက်ခတ်မှုရှိနေပါတယ်။ 

လက်ရှိမှာ ၂၀၀၀၀ တန် ထုတ်ဝေမယ့် ဂယက်ကြောင့် ဒေါ်လာဈေးနဲ့ အတူ ရွှေဈေး၊ စက်သုံးဆီဈေး၊ အခြေခံစားသောက်ကုန် နဲ့ လူသုံးကုန် ဈေးနှုန်းတွေ၊ ဆေးဝါး‌ဈေးတွေပါ လိုက်ပါမြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013